-
Movie Name
-
Blue Story
-
Year
-
2020
-
Generes
-
Crime, Drama
-
Code
-
04269
-
Type
-
Movie
-
Size
-
850 MB
-
Country
-
Hollywood
-
Description
-
Blue Story(2019) ဒီတစ်ခါမှာတော့ Action / Drama ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Blue Story လို့အမည်ရတဲ့ ဒီကားဟာဆိုရင်တော့ 2019မှာ ထွက်ရှိလာတာဖြစ်ပြီး 2020ခုနှစ်အတွက် NME (best film award) ကို ရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ လန်ဒန်မြို့ရဲ့ အရှေ့တောင်ဘက်ခြမ်းမှာ Peckham Youths နဲ့ Ghetto Boys ဆိုတဲ့ ဂိုဏ်း၂ဂိုဏ်းအကြားက အားပြိုင်မှုဟာ ပြင်းထန်လွန်းလှပါတယ်။နယ်မြေစွဲတွေနဲ့ အမြဲတမ်းတိုက်ခိုက်နေကြတဲ့ အဖွဲ့ ၂ဖွဲ့ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ မာကို ဟာ Peckham Youths အဖွဲ့ခေါင်းဆောင်ရဲ့ ညီ ဖြစ်ပြီး သူ့ဆီမှာ အချစ်ဆုံးသူငယ်ချင်း တင်မီ ရှိပါတယ်။ မာကို နဲ့တင်မီတို့ဟာ အတူသွား အတူစားကြရင်း ညီအကိုရင်းချာတွေလို နေထိုင်ကြတာ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ အကြောင်းတစ်စုံတစ်ရာကြောင့် သူတို့နှစ်ယောက် အချင်းများကြပြီး နောက်ဆုံး တင်မီက Ghetto Boys အဖွဲ့ထဲရောက်သွားပါတော့တယ်။ တချိန်က အရမ်းချစ်ခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ အငြိုးကြီးလှတဲ့ အားပြိုင်မုတွေမှာ ဘယ်သူက အနိုင်ရရှိသွားမှာလဲဆိုတာ နောက်ဆုံးအချိန်ထိ စိတ်၀င်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ Street Wars ကြိုက်တဲ့ပရိသတ်တွေ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ဇာတ်လမ်းထဲမှာ သုံးထားတဲ့ hiphop တေးသွားတွေကလည်း ဇာတ်ရှိန်ကိုအမြင့်ဆုံးရောက်အောင် ဆွဲတင်ပေးထားနိုင်တာကို တွေ့ရပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ K ပဲဖြစ်ပါတယ်…