Movie Name
Come Rain Come Shine (2011)
Year
2011
Generes
Drama
Code
04271
Type
Movie
Size
962 MB
Country
Korea
Description
ဒီကားက ကိုယ်တွေရဲ့အချစ်တော်ဗိုလ်ကြီးရဲ့ ခံစားနေရတဲ့ မျက်နှာကိုတစိမ့်စိမ့်ကြည့်ရင်းသနားနေရမယ့်ကားပါ ခွဲခွာခါနီးလူ၂ဦးရဲ့ အခြေအနေကိုမီးမောင်းထိုးပြနေတဲ့ ရုပ်ရှင်တစ်ကားလို့ပြောလို့ရပါတယ် … မင်းသမီးနဲ့ ဗိုလ်ကြီးကအိမ်ထောင်သက်၅နှစ်ရှိပေမယ့်ကလေးလည်းမရပါဘူး ပြီးတော့ မင်းသမီးက အသစ်တွေ့သွားပြီး ဗိုလ်ကြီးကိုထားခဲ့တော့မယ်ပေါ့ ဗိုလ်ကြီးမှာတော့ ခံစားနေရပေမယ့် သူ့မိန်းမအိမ်ပြောင်းရင်ကျန်ခဲ့မှာဆိုးလို့ပစ္စည်းလေးတွေသေချာထုတ်ပိုးပေးတယ် သူတို့ခွဲရတော့မယ့်နေ့မရောက်ခင် နောက်ဆုံးအတူတူရှိတဲ့နေမှာပေါ့ … ဗိုလ်ကြီးကသူ့မိန်းမနဲ့အတူတူညစာကိုဆိုင်ကောင်းကောင်းမှာ စားဖို့ဘိုကင်ချိတ်ထားတယ် အဲ့မှာ သူတို့၂ယောက်ပစ္စည်းထုတ်နေရင်းနဲ့ ၅နှစ်တာအတွင်း တစ်ယောက်ကြောင်းတစ်ယောက်ဘယ်လောက်သိခဲ့လဲဆိုတာ ၂ယောက်သားပြောရင်း နဲ့ ရုပ်ရှင်ကြည့်နေတဲ့သူကပါ သူတို့၂ယောက်ကိုယ်စား ခံစားပေးတတ်လာတယ် … ဇာတ်ကောင်တွေလည်းအများကြီးမသုံးထားသလို ဇာတ်လမ်းကို ကြည့်ပြီးသွားရင် ကိုယ့်ရဲ့လက်ရှိချစ်တဲ့သူတွေကိုပိုတန်ဖိုးထားချင်စိတ်ဖြစ်လာပါလိမ့်မယ် အိမ်တွင်းပုန်းနေရတဲ့ singleလေးတွေလည်း ဗိုလ်ကြီးမျက်နှာကို ခံစားပြီးကြည့်လို့ရသလို ခွဲခွာနေရတဲ့ rsလေးတွေလည်း ဒါလေးကြည့်ပြီးကိုယ့်ချစ်ချစ်ကိုပိုပြီးချစ်နိုင်ကြပါစေလို့… ( အညွှန်းနဲ့ဘာသာပြန်သူကတော့ Dolly ဖြစ်ပါတယ် )