Movie Name
Hot Blooded Youth
Year
2019
Generes
Action, Drama
Code
SC0033
Type
Series
Size
22.8 GB
Country
China
Description
[ထွေလာဘာသာပြန်] 🎬🎬 Huang ZiTao နဲ့ Sophie Zhang (Zhang XueYing) တို့ရဲ့ 🩸Hot-Blooded Youth 🩸 ထွေလာ 🎬🎬 ဒီpage မှာ TARM ကို ဖယ်လိုက်ရင် view အများဆုံး video တွေထဲက တစ်ခုက Huang ZiTao နမ်းခန်းရိုက်တာ ဘယ်ညာရွေးနေတဲ့ ဗီဒီယိုပဲ။ 😂😂 အခုတော့ အဲဒီကားထွက်ပြီလေ။ အရင်က The files of Teenagers in Concession လို့သိထားပြီး အခု Hot-Blooded Youth လို့ နာမည်ပြောင်းလိုက်တဲ့ Republican ခေတ် (၁၉၁၂-၁၉၄၉) အက်ရှင်ကားပါ။ မင်းသားက ဒီမှာ Brightest Star ကားထဲ တအားကြိုက်ကြတဲ့ Huang ZiTao။ မင်းသမီးက Princess Silver (ငွေအဆင်းနဲ့ သမီးတော်ထဲက) Sophie Zhang (Zhang XueYing)။ ⚔️ သာမန်လမ်းဘေးက လူမသိသူမသိဘဝကနေ အရေးအပါဆုံး ဂိုဏ်းခေါင်းဆောင် ဖြစ်လာမယ့် Wu Qian (Huang ZiTao) 🙍‍♀️ အမျိုးသမီးတစ်ယောက်ပေမဲ့ တိုင်းပြည်အတွက် ယုံကြည်ချက်ကို မစွန့်လွှတ်တဲ့ He HongYi (Sophie Zhang) 🤺 အကြောက်အလန့်မရှိ၊ ခပ်စွာစွာနဲ့ အစ်ကိုကိုချစ်တဲ့ Wu XiaoXiao (Cao XiYue) 🛡️ မတူတာတွေ ဘေးဖယ်ထားပြီး ရည်မှန်းချက်တွေအတွက် Wu Qian နဲ့ တူတူ အလုပ်လုပ်တဲ့ Wei ChengFeng (Liu YuNing) သွေးဆူတဲ့ လူငယ် ၄ယောက်နဲ့ ဒီဇာတ်လမ်းမှာ ဘယ်သူတွေ အောင်မြင်ပြီး ဘယ်သူတွေ ကျရှုံးကြမလဲ။ မင်းသားနဲ့ မင်းသမီးအပြင် Cao XiYue ကလည်း The Brightest Star ထဲက ဒုတိယမင်းသမီးပဲ။ သူ့ကို သဘောကျတဲ့ ပရိသတ်တွေလည်း ရှိတယ်ဟုတ်။ Liu YuNing ကိုက တက်သစ်စ အဆိုတော်ဆိုတော့ ဒီမှာ သိပ်သိကြမှာမဟုတ်ပေမဲ့ သူက မြန်မာပြည်လာဖူးတယ်။ Line Walker 2 လာရိုက်တုန်းကလေ။ အဲကားထဲမှာ သူက အရန်။ ဒီကားကို တရုတ်ပြည်မှာ လာမယ့် အောက်တိုဘာ ၂၂ရက်နေ့ စပြမှာပါ။