Movie Name
Heroic Losers (2019)
Year
2019
Generes
Crime
Code
04291
Type
Movie
Size
901 MB
Country
Hollywood
Description
Warner Bros. Picturesကနေ ဖြန့်ချီလိုက်တဲ့ Dramaကားကောင်းတစ်ကားပါ။ လက်ရှိ IMDb Rating 7.4နဲ့ Tomatoesမှာ100%ရထားပါတယ်။ 1998မှ2002အတွင်း အာဂျင်တီးနားနိုင်ငံမှာCorralitoလို့ခေါ်တဲ့ စီးပွားရေးကပ်ဆိုက်ပါတယ်။ အစိုးရကလည်း ဘဏ်အ‌‌ေကာင့်ကနေငွေတွေထုတ်မပေးတော့ပါဘူး။ ဘဏ်မှာငွေအပ်ထားတဲ့သူတွေလည်း ဒုက္ခရောက် တစ်နိုင်ငံလုံးလည်းကျပ်တည်းပေါ့။ အဲ့လို‌တွေ မဖြစ်ခင်တစ်နေ့မှာ အယ်ဆီနာမြို့ကရိုးသားတဲ့လူတစ်စုက စပ်တူလုပ်ငန်းလုပ်ဖို့ဆိုပြီး ဘဏ်မှာငွေအပ်မိလိုက်တယ်။ စီးပွားရေးကပ်ဖြစ်လို့ သူတို့ငွေတွေဆုံးရှုံးလိုက်ရတယ်ထင်နေပေမယ့် ဒီလိုအခြေအနေတွေဖြစ်မှာသိထားတဲ့ ဘဏ်မန်နေဂျာနဲ့အကြံပေးတစ်ယောက်က ပေါင်းကြံပြီး သူတို့ငွေတွေရော၊ တခြားငွေတွေကိုပါ ထုတ်ယူသွားတာကိုသိလိုက်ရပါတော့တယ်။ နောက်တော့ ကလိမ်ကျသွားတဲ့သူဆီကနေ သူတို့ပိုက်ဆံတွေကိုပြန်ရဖို့ ကြိုးစားပါတော့တယ်။ ဒီကားထဲမှာ အဖိုးကြီးတွေဦးဆောင်တဲ့ရိုးသားတဲ့လူတစ်စုက ကလိမ်ကျသွားတဲ့သူစီကနေ သေချာအစီအစဉ်တွေဆွဲပြီးတော့ သူတို့ပိုက်ဆံတွေကိုခိုးယူဖို့ကြိုးစားပုံကို ဟာသလေးနှောပြီးရိုက်ကူးတင်ဆက်ထားပါတယ်။ ကားကောင်းလေးတစ်ကားဖြစ်တာကြောင့် ခံစားကြည့်ရှုလိုက်ပါအုံးရှင်။