Movie Name
The Little Witch (2018)
Year
2018
Generes
Comedy, Drama, Family
Code
02820
Type
Movie
Size
892 MB
Country
Hollywood
Description
CM ပရိတ်သတ်တို့ရေ ပေါ့ပေါ့ပါးပါးလေးကြည့်ရတဲ့ ဇာတ်လမ်းမျိုးလေးကြည့်ချင်လား… ရှုခင်းကောင်းကောင်းနဲ့ ကြည့်ရကောင်းတဲ့ ဇာတ်လမ်းမျိုးရှာနေလား… ဒါဆိုရင်တော့ “The Little Witch” ဆိုတဲ့ ဇာတ်လမ်းလေးကို ညွှန်းချင်ပါတယ်… Rating 6.1 ရရှိထားတဲ့ ဒီဇာတ်လမ်းကတော့ ဂျာမနီဇာတ်လမ်းဖြစ်ပြီးတော့ english နောက်ခံစကားပြောနဲ့ တင်ဆက်ထားပါတယ်… အညွှန်း- စိမ်းစိုအုံ့မှိုင်းနေတဲ့ တောအုပ်တစ်ခုမှာ စုန်းမလေးတစ်ယောက် နေထိုင်ပါတယ်… သူ့မှာ အဘရာဇက်ဆိုတဲ့ ကျီးကန်းတစ်ကောင်လဲရှိပါတယ်… စုန်းမတွေအတွက် အပျော်ဆုံးညကတော့ ဝယ်ပါးဂစ်ဆိုတဲ့ ညပါပဲ… ဒီညမှာတော့ စုန်းမတွေ သီချင်းဆိုကြ ကကြပါတယ်… တစ်နှစ်မှာ တစ်ခါပဲ လုပ်တဲ့ညပါ.. ဒီညကိုတော့ဖိတ်ကြားခံရတဲ့ စုန်းမတွေသာ တက်ရောက်ခွင့်ရှိပါတယ်… စုန်းမလေးရဲ့ အဖြစ်ချင်ဆုံး ဆန္ဒကတော့ ဒီဝယ်ပါးဂစ်ညကပွဲမှာ ကခွင့်ရဖို့ပါ… ဒါပေမဲ့ သူဟာ ဝါငယ်သေးတာကြောင့် ဖိတ်ကြားခြင်းမခံခဲ့ရပါဘူး.. ငယ်ရွယ်သူပီပီ ဒီပွဲမှာဘာတွေ လုပ်လဲ သူအရမ်းသိချင်ခဲ့ပါတယ်… ဒီလိုနဲ့ ဝယ်ပါးဂစ်မတိုင်ခင်ညမှာတော့ သူအကြံတစ်ခုရသွားပါတယ်… ဒီအကြံကတော့ စုန်းမတွေ ကတဲ့အထဲ သူပါ ရောကမယ်ဆိုပြီးပေါ့… စုန်းမလေးဟာ သူ့အကြံအတိုင်း ဝယ်ပါးဂစ်ညမှာ ခိုးဝင်ပြီး ကပါတော့တယ်… ကံဆိုးတာက သူ့ကို တခြားစုန်းမတွေ မိသွားကြပါတယ်.. စုန်းမလေးဟာ သူလဲ ဝင်ရောက်ကချင်တဲ့အကြောင်း တောင်းဆိုပါတော့တယ်… အကြီးဆုံးစုန်းမကြီးက သူတို့ စစ်တဲ့ စာမေးပွဲကိုအောင်မြင်မှ ဝယ်ပါးဂစ်ညမှာ ပါဝင်ခွင့်ရမယ်လို့ ပြောခဲ့ပါတယ်… ဒီစာမေးပွဲမှာတော့ စုန်းမလေးဟာ မန္တာန်များစွာပါဝင်တဲ့ စာအုပ်ကို အလွတ်ကျက်ရမှာပါ… စုန်းမလေးဟာ ကပွဲသွားချင်တဲ့စိတ်နဲ့ အပြင်းအထန်ကြိုးစားခဲ့ပါတယ်… စာမေးပွဲနေ့ ရောက်တဲ့အချိန်မှာတော့ သူထင်သလိုဖြစ်မလာခဲ့ပါဘူး… စုန်းမလေး ဝယ်ပါးဂစ်ညမှာ ပါဝင်ခွင့်ရမလား… သူ့ထက်ဝါကြီးတဲ့ စုန်းမတွေက သူ့အပေါ်တကယ်ရော ကောင်းရဲ့လား စတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်…. ဒီဇာတ်လမ်းလေးက Disney movie တွေဖြစ်တဲ့ Cinderella , Snow White ဇာတ်လမ်းတွေလိုပဲ ကြည့်ရတာ ချစ်ဖို့ကောင်းပါတယ်… စိတ်ဝင်စားဖို့လဲ ကောင်းပါတယ်.. ဇာတ်လမ်းကောင်းမို့ ကြည့်ရကျိုးနပ်မယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်….