Movie Name
The Magician (2015)
Year
2015
Generes
Drama, Historical, Romance
Code
04314
Type
Movie
Size
902 MB
Country
Korea
Description
ဒီဇာတ်ကားလေးကတော့ ဂျိုဆွန်ခေတ်ရဲ့ မျက်လှည့်ပညာရှင်တစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ မျက်လှည့်ပညာရှင် Hwan Hee ဟာ Euiju နယ်စပ်မြို့လေးမှာ သူ့ရဲ့မျက်လှည့်အဖွဲ့နဲ့အတူ မျက်လှည့်ပြပွဲတွေ ဖျော်ဖြေရင်း နေထိုင်ပါတယ်။ အဲဒီအချိန်မှာ တရုတ်နိုင်ငံကို စစ်ရှုံးတဲ့အတွက် ဂျိုဆွန်ဘုရင်ရဲ့ သမီးတော်ကို ချင်ဘုရင်အတွက် ကိုယ်လုပ်တော်အဖြစ် ဆက်သရပါတယ်။ အဲဒီ ဂျိုဆွန်မင်းသမီးလိုက်ပါလာတဲ့ တရုတ်ပြည်အသွား ခရီးစဉ်ဟာ Euiju မြို့မှာ ရက်အနည်းငယ် တည်းခိုကြပါတယ်။ အဲဒီအချိန်အတွင်းမှာ မျက်လှည့်ပညာရှင် Hwan Hee နဲ့ မင်းသမီးဟာ စိတ်ဝင်စားစရာ အကြောင်းအမျိုးမျိုးကြုံတွေ့ပြီး ချစ်ကြိုက်သွားကြပါတော့တယ်။ ဒါပေမဲ့ မင်းသမီးဟာ ကိုယ်လုပ်တော် အဖြစ် ဆက်သခံရမှာ ဖြစ်တဲ့အတွက် အမျိုးမျိုးသော အတိုက်အခံတွေ.. မျက်လှည့်ပညာရှင် မဖြစ်ခင် Hwan Hee ရဲ့ ရှုပ်ထွေးလွန်းတဲ့ ဘဝနောက်ကြောင်းရဲ့ အနှောင့်အယှက်တွေ.. ဒါတွေကို ဘယ်လို ရင်ဆိုင် ဖြေရှင်းမလဲ.. ဒါ့အပြင် မျက်လှည့်ပညာရှင် Hwan Hee ရဲ့ တကယ်ပြောင်မြောက်တဲ့ မျက်လှည့်အကြီးစားကြီးတွေကိုလည်း ကြည့်ရှုရဦးမှာ ဖြစ်ပါတယ်။ မျက်လှည်ပညာရှင် Hwan Hee အဖြစ်နဲ့ I’m not a robot မင်းသား Yoo Seung Ho, ဂျိုဆွန်မင်းသမီး အဖြစ်နဲ့ Hwarang မင်းသမီး Go Ara နဲ့အတူ သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။