-
Movie Name
-
When A Man Love (မိန်းကလေးတယောက်ကိုချစ်မိရင်)
-
Year
-
2016
-
Generes
-
Drama, Romance
-
Code
-
ST0132
-
Type
-
Series
-
Size
-
23.1 GB
-
Country
-
Thai
-
Description
-
အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့2016တုန်းကအမြင့်ဆုံးRating(8.1)အထိရရှိခဲ့ပီးအရမ်းကိုHitဖြစ်ခဲ့တဲ့Kimရဲ့အအောင်မြင်ဆုံးဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်😍
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
💑"မိန်းကလေးတစ်ယောက်ကိုချစ်မိရင်"💑
(When a man loves a woman)
Casts: ဆတဝပ်(ဝပ်)အဖြစ် Jamesma
အာနွတ်စနိယာ(နွတ်)အဖြစ် Kimmy Kimberley
Details
ဒီကားကRomance Typeဖြစ်လို့ပရိတ်သတ်ကြီးစောင်ကိုက်ကြည့်ရမှာတော့အသေအချာပါပဲရှင်🙈အရမ်းကိုroတာနော်🤭ဇာတ်ကားအပိုင်းပေါင်း၃၉ရှိပီးကြည့်ရှုချိန်ကတော့၄၅မိနစ်ပဲဖြစ်ပါတယ်🤗(rerunအနေနဲ့မို့အပိုင်းများသွားခြင်းပါ)
No Spoiler Alert🚫
ဒီဇာတ်ကားက2016ထဲကထွက်ရှိခဲ့တဲ့ဇာတ်ကားဖြစ်လို့တစ်ချို့တွေကြည့်ပီးကောင်းကြည့်ပီးနေကြပါလိမ့်မယ်...မကြည့်ရသေးတဲ့သူတွေလည်းရှိတဲ့အတွက်ဒီကားရဲ့ဇာတ်ကဘယ်လိုဘယ်ပုံရှိတယ်ဆိုတာကိုမspoilဖို့adminမှအထူးမေတ္တာရပ်ခံချင်ပါတယ်ရှင်🙋🏻♀️မကြည့်ရသေးတဲ့သူတွေအတွက်ဇာတ်ကားအရသာပျက်သွားနိုင်လို့ပါ☺️ဆိုတော့ကာအခုတော့အညွှန်းလေးအရင်ဖတ်ပီးကျန်တာတွေကိုတော့ဇာတ်ကားလေးထဲမှာပဲစီးမျောပေးကြပါအုံးရှင်🥰
ဇာတ်လမ်းအကျဉ်း
******************************
ဆတဝပ်(Jamesma) ကဆရာဝန်တစ်ယောက်ဖြစ်ပီးသာမန်လူလတ်တန်းစားတစ်ယောက်ဖြစ်တယ်...သူ့အမေကလောင်းကစားမက်သူတစ်ယောက်ဖြစ်ပီးအကြွေးတွေလည်းတင်နေတယ်
အာနွတ်စနိယာ(Kim)ကချမ်းသာတဲ့မျိုးရိုးကဆင်းသက်လာတဲ့ထက်မြက်တဲ့မိန်းမသားတစ်ယောက်ဖြစ်တယ်
ဆတဝပ်(Jamesma)ရဲ့အမေကအာနွတ်စနိယာ(Kim)ရဲ့ကုမ္ပဏီကိုအကြွေးတွေပေးစရာရှိတာမပေးနိုင်တဲ့အတွက်အာနွတ်စနိယာ(Kim)ရဲ့အဒေါ်နဲ့ပူးပေါင်းပီးဆတဝပ်(Jamesma)နဲ့အာနွတ်စနိယာ(Kim)နဲ့ကိုလက်ထပ်ပေးဖို့အတင်းစီစဉ်ခဲ့ကြတယ်...
အဲ့ဒီအချိန်မှာအာနွတ်စနိယာ(Kim)ရဲ့ဆွေမျိုးတစ်ဝမ်းကွဲတော်စပ်သူဦးလေးချရာကသူ့ချစ်သူစုံမီကာနဲ့လမ်းခွဲခဲ့ပီးသူအာနွတ်စနိယာ(Kim)အပေါ်ထားရှိတဲ့သဘောထားတွေကိုဖွင့်ပြောခဲ့တယ်...အာနွတ်စနိယာ(Kim)လည်းသူမဦးလေးကိုမျှော်လင့်ချက်မပေးချင်တာကြောင့်ဆတဝပ်(Jamesma)နဲ့လက်ထပ်ဖို့ကိုသဘောတူခဲ့တယ်...တစပ်တည်းမှာပဲစုံမီကာကလည်းဆတဝပ်(Jamesma)နဲ့မတော်တဆဆုံတွေခဲ့ပီးဆတဝပ်(Jamesma)ကိုချစ်မိသွားခဲ့တယ်...
ကဲဆတဝပ်(Jamesma)တစ်ယောက်အာနွတ်စနိယာ(Kim)ကိုမမျှော်လင့်ပဲလက်ထပ်လိုက်ရပေမယ့်နောက်ပိုင်းတကယ်ပဲချစ်မိသွားမလား?
အာနွတ်စနိယာ(Kim)ကရောရိုးသားတဲ့ဆရာဝန်လေးဆတဝပ်(Jamesma)အပေါ်ပြန်ပီးချစ်မိသွားလေမလား?
ဦးလေးဖြစ်သူချရာကရောသူချစ်တဲ့အာနွတ်စနိယာ(Kim)ကိုအဆုံးရှုံးခံပေးမှာလား?
စုံမီကာကရောဆတဝပ်(Jamesma)ကိုလွယ်လွယ်နဲ့လွှတ်ပေးမှာလား?..........ဆိုတာတွေကိုတော့ဇာတ်ကားလေးထဲမှာပဲရင်ခုန်ကြည့်ရှုပေးကြပါအုံးရှင်🤗