Movie Name
The Perfection (2018)
Year
2018
Generes
Drama, Horror, Thriller
Code
04323
Type
Movie
Size
974 MB
Country
Hollywood
Description
The Perfection (2018) ဒီဇာတ်လမ်းကို ညွှန်းရင် ဘယ်လိုညွှန်းရမလဲ စဉ်းစားရပါတယ်။ ဘာလို့လဲဆိုတော့ Plot Twist တွေက ပါပြီးရင်း ပါနေတာဆိုတော့ ပြောလိုက်ရင်လည်း Spoil ဖြစ်မှာ စိုးပါတယ်။ Plot Twist များများနဲ့ ရင်တထိတ်ထိတ် ခုန်နေရမယ့် ကားမျိုးကြည့်ချင်ရင်တော့ ဒီဇာတ်လမ်းကိုသာ ကြည့်လိုက်ပါဗျာ။ တကယ့်ကို သည်းထိတ်ရင်ဖိုပါပဲ။ အသည်းတယားယား ရင်တဖိုဖိုနဲ့ ဘာပြီးရင် ဘာဖြစ်မယ်ဆိုတာကို မှန်းလို့မရတဲ့ ဇာတ်လမ်းမျိုးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ချယ်လိုပညာရှင်နှစ်ဦးရဲ့ဇာတ်လမ်းပါပဲ။ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က အမေက လေဖြတ်သွားလို့ အိမ်ပြန်ခဲ့ရတဲ့ ချယ်လိုပညာရှင် နဲ့ ယခုလက်ရှိ ဂီတလောကမှာ အောင်မြင်နေတဲ့ လူငယ်ချယ်လိုပညာရှင်တို့ နှစ်ယောက်ကြားက ဇာတ်လမ်းလေးပါ။ သူတို့နှစ်ယောက် ဆုံတွေ့မှုကနေ စခဲ့တဲ့ ဇာတ်လမ်းလေးပါ။ နောက်ဆက်တွဲတွေက ဘာဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ခုန်ပြီး ကြည့်မှ အရသာရှိမှာပါ။ ပြောပြရင် ဇာတ်က ပေါ့သွားမှာ စိုးတဲ့အတွက် ဒီလောက်ပဲ ပြောပြပါရစေ။ ကြည့်မိလို့ နောင်တမရစေရပါဘူး။ သတိပေးချင်တာလေးတွေကတော့….. သွေးထွက်သံယို အခန်းတွေ ပါပါတယ်။ ကလေးတွေ မကြည့်သင့်တဲ့အခန်းတွေ ပါပါတယ်။ နည်းနည်းလေးတော့ လန့်စရာကောင်းပါတယ်။ သရဲကား၊ လူသတ်ကား မဟုတ်ပေမယ့် သည်းထိတ်ရင်ဖို ဇာတ်လမ်းအမျိုးအစားပါ။ IMDb Rating က 6.2 ပါ။ Rotten Tomatoes ကတော့ 85% ပေးထားပါတယ်။ ဒီလောက်ဆိုရင်တော့ ဒီဇာတ်လမ်းအခြေအနေကို ခန့်မှန်းမိလောက်ပါပြီး ဘာသာပြန်နဲ့ အညွှန်းကတော့ August ပါ။