Movie Name
Yeh Saali Aashiqui (2019)
Year
2019
Generes
Thriller
Code
04327
Type
Movie
Size
900 MB
Country
Bollywood
Description
နိုင်ငံတကာအဆင့်သတ်မှတ်ချက်များ IMDb 8.3/10, The Economic Times 3.5/5, BollywoodMDB 5/5 ဆာဟေးလ်ဆိုတဲ့ကောင်လေးနဲ့ မီတီးဆိုတဲ့ကောင်မလေး ဟိုတည်စီမံခန့်ခွဲရေးသင်းတန်းကျောင်းမှာ တွေ့ဆုံခဲ့ကြတယ် နှစ်ယောက်သား Love at first sight ဆိုသလို မြင်မြင်ချင်း သဘောကျခဲ့ကြတယ် အဲ့ဒိလိုနဲ့ သိပ်ကြည်နူးစရာကောင်းတဲ့အချစ်ကမ္ဘာလေးကို အချစ်ဌက်နှစ်ကောင် ပျံသန်းနေတယ်လို့ဆိုရအောင် သူတို့သံယောဇဉ်ဟာ သိပ်ကိုအဆင်ပြေချောမွေ့လို့နေပါတယ် ဒါပေမဲ့လည်း အိပ်မက်ကမ္ဘာထဲကလိုလှပနေတဲ့ သူတို့အချစ်ရေးဟာ မထင်မှတ်ထားတဲ့ဖြစ်ရပ်တစ်ခုကြောင့် အိပ်မက်ဆိုးအသွင်ပြောင်းသွားခဲ့ပါတယ် အဲ့ဒိအဖြစ်ကတော့ ဆာဟေးလ်က သူ့သိပ်ချစ်တဲ့ မီတီးကို အတင်းအဓမ္မပြုကျင့်ဖို့ကြံခဲ့ပါတယ်ဆိုပြီး အဖမ်းခံလိုက်ရပါတယ် ရုတ်တရက်ဆိုသလို ပြောင်းလဲသွားတဲ့ သူတို့နှစ်ယောက်ကြားမှာ ဘာအလှည့်အပြောင်းတွေရှိနေမလဲ ဘာပြဿနာတွေ ဘာလျှို့ဝှက်ချက်တွေရှိနေမလဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှု့လိုက်ပါဦး ဇာတ်လမ်းကလှည့်ကွက်အပြည့်နဲ့မို့လို့ သိပ်အများကြီးမပြောချင်တော့ပါဘူး ဟိုးအပေါ်က နိုင်ငံတကာအဆင့်သတ်မှတ်ချက်တွေဟာ ဒီဇာတ်ကား ကောင်းမကောင်းဆိုတာ သက်သေပါပဲ သရုပ်ဆောင်အသစ်တွေဆိုပေမယ့် လက်ရှိနာမည်ရနေတဲ့ ငပေါတချို့ထက် သရုပ်ဆောင်ပိုကောင်းကြောင့် တွေ့ရပါလိမ့်မယ်ဗျာ အဓိကဇာတ်လိုက်မင်းသားက တခြားလူမဟုတ်ပါဘူး နာမည်ကျော်သရုပ်ဆောင်ကြီး Amrish Puri ၏မြေး Vardhan Puri ပဲဖြစ်ပါတယ် ဒီဇာတ်ကားကြည့်လိုက်ပါ “ခင်ဗျား အချစ်ဆိုတာကို မုန်းသွားပါလိမ့်မယ် “ (အားလုံးပဲ ဇာတ်ကားတွေကြည့်ကာ အိမ်တွင်းအောင်းရင်း ရောဂါဆိုးကြီးကို ကျော်ဖြတ်နိုင်ကြပါစေ) ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….