Movie Name
Shubh Mangal Zyada Saavdhan (2020)
Year
2020
Generes
Comedy, Romance
Code
04329
Type
Movie
Size
901 MB
Country
Bollywood
Description
Shibu Mangal Zyada Saavdhan 2020 Korea , China, Thai တို့ရဲ့ Boy love ကားတွေကြည့်ရတာ ရိုးနေပြီလား??? ဒီတစ်ခါ ထူးထူးခြားခြား India ရဲ့ Boy Love ကားလေးနဲ့ မိတ်ဆက်ပေးမယ်။ အဓိက ထူးခြားချက်ကတော့ ကုလားသီချင်းတွေနဲ့ ကကြပေမယ့် လူတစ်ယောက်ချင်းစီရဲ့ မျက်နှာကိုတော့ zoom ချဲ့ပြီး မပြတာပါပဲ။ ဇာတ်လမ်းကတော့ အာမန် ရဲ့ ကာတစ် တို့ရဲ့ အချစ်ရေးအကြောင်းပါ။ အာမန်ရဲ့ အဖေက သိပ္ပံပညာရှင်။ ပန်းဂေါ်ဖီ အနက်ရောင်ကို တီထွင်လို့ သူတို့မြို့မှာ ပြဿနာတက်နေတာပါ။ အာမန်နဲ့ ကာတစ်က နယူးဒေလီမှာ သူငယ်ချင်းကောင်မလေး ခိုးရာလိုက်ပြေးဖို့ ကူညီရင်း ပြဿနာတက်ပါတယ်။ တိုက်ဆိုင်စွာပဲ နောက်‌တစ်နေ့မှာ အာမန်ရဲ့ ညီမတစ်ယောက် မင်္ဂလာဆောင်ဖို့ဆိုပြီး အာမန်အိမ်ပြန်ရဖို့ အကြောင်းဖန်လာပါတယ်။ အဲ့ဒါနဲ့ သူတို့နှစ်ယောက်လုံး အာမန်အိမ်ကို ပြန်လာတော့ အာမန်ရဲ့ မိသားစုက လက်ခံနိုင်ပါ့မလား။ အာမန်အဖေဆိုတာကလည်း သိပ္ပံ‌ပညာရှင်ဆိုပေမယ့် နည်းနည်းရှေးရိုးဆန်ပြန်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ရေး ပြဿနာမဟုတ်ပဲ မိသားစုပြဿနာကို အဓိကရိုက်ပြထားတာပါ။ အချစ်၊ ဟာသ ကားလေးမို့ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းတဲ့ကားလေးဆိုတာ လုံး၀ အာမခံပါတယ်။ တခစ်ခစ်ရယ်နေရသလို၊ ၀မ်းနည်းစရာလည်း အနည်းငယ်ပါပါတယ်။