Movie Name
Abe (2019)
Year
2019
Generes
Comedy, Drama
Code
04330
Type
Movie
Size
903 MB
Country
Hollywood
Description
Abe(2019) မတူကွဲပြားမှုတွေကို တူညီတာလေးတစ်ချက်နဲ့ ပေါင်းစည်းသွားဖို့ ကြိုးစားခဲ့တဲ့ အေ့ဘ်… သူ့ကိုလူတွေက အေဗရာဟင်လို့လည်းခေါ်တယ် အီဗရာဟမ် အာဗီ စတဲ့နာမည်အမျိုးမျိုးခေါ်ကြတယ်။ ဒါပေမယ့် သူကတော့ ဟင်းချက်ဝါသနာပါတဲ့ ၁၂နှစ်အရွယ်ကောင်လေး အေ့ဘ်ပါပဲ။ အမေဘက်က ဂျူး အဖေဘက်က မူစလင်ဖြစ်နေတဲ့မိသားစုမှာ ခဏခဏပဋိပက္ခတွေလည်းဖြစ်နေကြပါ။ ၁၂အရွယ်ကလေးတစ်ယောက်အဖို့ မိသားစုအလိုကျ လိုက်နေပေးရင်း နှစ်ဖက်လုံးအတွက်အဆင်ပြေတာကိုရှာဖွေနေခဲ့တာပါ။ စားစရာတစ်ခုကိုတောင် အမြင်ကွဲလွဲတဲ့ဒီမိသားစုမှာ သူပါရမီပါတဲ့ အချက်အပြုတ်ဝါသနာကို ဘယ်လိုအသုံးချပြီး ပေါင်းစည်းဖို့ကြိုးစားမလဲ?ဘာတွေဘယ်လိုဆက်ဖြစ်မယ်ဆိုတာ စိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးပါ။ ရယ်လည်းရယ်ရတဲ့ကားလေးဆိုတော့ အဆုံးထိမငြီးမငွေ့ကြည့်ရှုရမှာပါ။ ဟင်းချက်ဝါသနာရှင်တွေအတွက်လည်း အကြိုက်တွေ့စေမှာပါ။ Rating တွေအနေကလည်း Rotten Tomatoes 72% Imdb Rating 6.2 တောင်ရရှိထားတာမလို့ ကောင်းကြောင်းကိုအထွေအထူးမညွှန်းတော့ပဲ ကိုယ်တိုင်ကြည့်ရှုခံစားဖို့တိုက်တွန်းလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်…