-
Movie Name
-
Nimir (2018)
-
Year
-
2018
-
Generes
-
Comedy, Drama, Thriller
-
Code
-
00464
-
Type
-
Movie
-
Size
-
885 MB
-
Country
-
Bollywood
-
Description
-
ဒီတစ်ခါမှာတော့အချစ် ဟာသ ပညာပေးဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင်တော့ Selvamဆိုတဲ့ကောင်လေးဟာ ဈေးထဲမှာဓာတ်ပုံစတူဒီယိုဆိုင်ဖွင့်ထားပြီး ဘဝကိုအေးဆေးစွာပဲနေထိုင်ခဲ့ပါတယ် သူ့မှာငယ်ငယ်ငယ်လေးထဲကနေချစ်ခဲ့ရတဲ့ ချစ်သူလေးတစ်ယောက်ရှိပါတယ် တစ်နေ့မှာသူဟာ ဈေးထဲမှာရန်ဖြစ်ရာကနေ သူ့ကိုထိုးကြိတ်ပြီးအနိုင်ယူလိုက်တဲ့လူအပေါ် အခဲမကျေဖြစ်နေခဲ့ပါတယ် Selvamကအဲ့ဒီလူကိုပြန်ပြီးလက်စားမချေရမချင်း သူဖိနပ်မစီးတော့ဘူးလို့ ကတိပြုထားလိုက်ပါတယ် ဒီလိုနဲ့ Selvamရဲ့ချစ်သူလည်း အိမ်ကပေးစားသူနဲ့လက်ထပ်သွားပါတော့တယ် အဲ့လိုနဲ့အရာရာစိတ်ဓာတ်ကျနေချိန်မှာသူ့ရဲ့စတူဒီရိုမှာဓာတ်ပုံလာရိုက်တဲ့ Malarဆိုတဲ့ကောင်မလေးနဲ့တွေ့ဆုံခဲ့ပါတယ် အဲ့ဒီအချိန်မှာ သူဟာဓာတ်ပုံပညာမှာထူးချွန်မှုမရှိဘူးလို့ ဝေဖန်ရာကနေ သူ့ရဲ့ ဓာတ်ပုံပညာအပေါ်သေချာနားမလည်ပုံတွေကိုနားလည်ခဲ့ပါတယ် အဲ့ဒီကမှတစ်ဆင့် သူ့အဖေရဲ့ဆုံးမမှုနဲ့ဓာတ်ပုံပညာအကြောင်းကိုကောင်းစွားနားလည်ခဲ့ပါတယ် ထိုအချိန်မှာပဲ သူနဲ့ Malar လဲ ချစ်ကြိုက်သွားခဲ့ကြပါတယ် ကံဆိုးချင်တော့ Malar ဟာ သူလက်စားချေချင်နေတဲ့လူရဲ့ ညီမဆိုတာသိပြီးတဲ့နောက်မှာတော့ မှာတော့Selvamဘာတွေဆက်ဖြစ်မလဲ သူကြိုက်တဲ့ကောင်မလေးကိုရွေးချယ်မှာလား သူကတိပြုထားတဲ့အတိုင်း ဖိနပ်ပြန်စီးခွင့်ရသွားခဲ့လားဆိုတာတွေကိုတော့ ဒီဇာတ်လမ်းလေးရဲ့အဆုံးမှာဆက်လက်ကြည့်ရှုပေးကြပါလို့