-
Movie Name
-
Nishabd (2007)
-
Year
-
2007
-
Generes
-
Drama
-
Code
-
00465
-
Type
-
Movie
-
Size
-
850 MB
-
Country
-
Bollywood
-
Description
-
MDb rating : : 5.5ဒီတစ်ခေါက်တော့. . .CM ပရိတ်သတ်ကြီးအတွက် အမီတာဘဂျမ်းရဲ့ ဒရမ်မာ ကားကောင်းကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ . . .ဒီကားကအသက်ခြောက်ဆယ်အရွယ်လူအိုကြီးတစ်ယောက်နဲ့ အသက် ၁၈ နှစ်အရွယ် ကောင်မလေးတစ်ယောက်ကြားက ပက်သက်ဆက်နွယ်မှုကို လှလှပပနဲ့ ရိုက်ကူးပြထားတာပါOld But Gold ဇာတ်ကား တစ်ကားဖြစ်တာမို့. . .ဇာတ်လမ်းအညွှန်းအစားဒီကားကြည့်ပြီး ခံစားမိတာလေးကို ရေးပေးလိုက်ပါရစေ. . .တစ်ခါတစ်လေကျတော့ အချစ်ဆိုတာ ဆန်းကြယ်သားနော်. . . အသက် အရွယ်တစ်ခုရလာတဲ့လူတစ်ယောက်က အပျော်တွေနောက်ကို(ဝါ) ပျော်ရွှင်မှုနောက်ကို မလိုက်နိုင်တော့ဘူး. . .အနှောင်အဖွဲ့တွေ. . .နိစ္စဓူဝအလုပ်တွေ. . .ဗာဟီရတွေ. . .စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေရတာတွေ ကြားမှာကိုယ့်ရဲ့ ပျိုမြစ်နုနယ်မှုတွေ ပေးဆပ်လိုက်ရတယ်ဆိုတာ သတိထားမိလာတဲ့ တစ်နေ့. . .ဟိုးအရင်လို ကိုယ်ပြန်မငယ်နိုင်တော့ဘူးဆိုတာ တစ်ထစ်ချ လက်ခံလိုက်တဲ့အချိန်ဟာ. . .ကလေးသူငယ်တွေ. . .နုပျိုငယ်ရွယ်သူတွေကို မနာလိုဖြစ်မိတဲ့အချိန်ပါပဲ တဲ့. . .အချစ်ဆိုတာကို အသက်အရွယ်တို့ . .အိမ်ထောင်ရှိခြင်း မရှိခြင်းတို့နဲ့လားလားမှ မသက်ဆိုင်ပဲ. . .နှလုံးသားက ဖြစ်တည်လာတဲ့အတိုင်းလေးလက်ခံယုံကြည်လိုက်ချိန်မှာ. . .မိမိမှာရှိတဲ့ အိမ်ထောင်ရေး. . .ပတ်ဝန်းကျင်ရဲ့ လေးစားမှုမိမိရဲ့သားသမီးတွေနဲ့ ဇနီးသည်. . .ဒါတွေအားလုံး ကိုယ့်အနားက လွင့်စင် ပျောက်ကွယ်သွားတယ်ဇနီးသည်ကဒါဟာ ဖောက်ပြန်မှုတဲ့အိုကြီးအိုမနဲ့ ကိုယ့်သမီးအရွယ်ကိုမှကြံရက်လေခြင်းတဲ့ပတ်ဝန်းကျင်ကနွားအိုမြက်နုကြိုက်တဲ့. . .ချစ်ရသူ ကိုယ်တိုင်ကမိမိကို ကြောင်သူတော်ကြီးတဲ့အမျိုးမျိုး သမုတ်ကြလေရဲ့. . .အို. . .ဒီလောက် သန့်စင်တဲ့ အချစ်ကိုများအဓိပ္ပာယ်အမျိုးမျိုး ဖွင့်နေလိုက်ကြပုံ. . .တကယ်တော့ အချစ်ဟာသူ့အတိုင်းလေးဆို ဒီလောက်အထိလည်းအရောင့်မရင့်ပါဘူးဒီလောက်အထိလည်း အကျည်းမတန်ပါဘူးရိုးရိုးလေးပဲ မြင်ကြည့်လိုက်တော့. . .အချစ်ဆိုတာ. . .သူ ကိုယ့်အနားမှာ ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ. . .သူ့ရယ်သံလွင်လွင်လေးတွေ သူ့ရဲ့ ဖြူစင်တဲ့ ပုံရိပ်ကလေးတွေသူသွားတတ်တဲ့ နေရာလေးတွေနဲ့သူ့အငွေ့အသက် သင်းပျံ့နေတဲ့ ပတ်ဝန်းကျင်မှာနေဝင်ချိန်အထိ ပျော်ပျော်ကြီးထိုင်စောင့်ရင်း အချိန်ကုန်မှန်းမသိ ကုန်သွားရခြင်းနဲ့ပဲကျေနပ်နေမိတာမျိုးပါ. . .ဒီလို နူးညံ့လှတဲ့ အချစ်ကားတစ်ကားကိုလှပတဲ့ စကားလုံးတွေနဲ့အရောင်အသွေးစုံလင်တဲ့ဖန်သားပြင်ထက်မှာ ခံစားအားပေးကြပါဦး..