Movie Name
Hello World (2019)
Year
2019
Generes
Animation, Comedy, Drama
Code
04337
Type
Movie
Size
1.02 GB
Country
Japan
Description
Hello World(2019) ဒီဇာတ်ကားလေးကတော့ ၂၀၂၇ ခုနှစ် Kyoto မြို့မှာ အခြေတည်ပြီး ဇာတ်လမ်းစထားပါတယ် နာအိုမီ ကာတာဂါကီ (Naomi Katagaki) ဆိုတဲ့ကောင်လေးဟာ စာဖတ်ရတာကြိုက်နှစ်သက်ပြီး တစ်ကိုယ်တည်းအေးဆေးသမားလေးပါ…တစ်နေ့ သူ စာကြည့်တိုက်က အပြန် ထူးဆန်းတဲ့အဖြစ်အပျက်တွေနဲ့အတူ လူတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ် ပိုပြီး ထူးဆန်းတာက အဲ့ဒီလူဟာ အနာဂတ်ကလာတဲ့ သူကိုယ်တိုင်ဖြစ်နေတာပါပဲ…ဒီမှာဇာတ်လမ်းစပြီး အနာဂတ်က သူက ဘာလာလုပ်တာလဲ?? ဘာတွေဆက်ဖြစ်လာမှာလဲ?? ဆိုတာတွေကိုတော့ ဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်တစားကြည့်ရှူရမှာပဲဖြစ်ပါတယ် ဒီကားလေးက Anime ချစ်သူတွေအတွက် မလွတ်တမ်းကြည့်ရှူသင့်တယ်လို့ ကျွန်တော်တော့ထင်မိပါတယ်…ဇာတ်လမ်းက Anime တို့ ထုံးစံအတိုင်း မတူကွဲပြားတဲ့ပုံစံနဲ့ ဆွဲဆောင်ထားတယ်…Kyoto မြို့ကြီးကို မြင်နေကြတဲ့မဟုတ် ပုံစံနဲ့တွေ့ရတာရယ် လှပတဲ့ရှုခင်းတွေ ဇာတ်ဝင်တေးကောင်းကောင်းလေးတွေနဲ့ ကြည့်ရတာ တော်တော်လေးအရသာရှိပါတယ်…ကဲ ပြောနေကြာတယ် အခုပဲ ကြည့်ရှူခံစား အားပေးကြပါဦး… (E sub ကနေ ဘာသာပြန်ထားတာဖြစ်တဲ့အတွက် လိုအပ်ချက်လေးတွေရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြပါ…ဇာတ်ဝင်တေးတွေကအစ သေသေချာချာလေး အကောင်းဆုံးပြန်ဆိုပေးထားလို့ အားရကျေနပ်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်…တစ်လက်စတည်း.. ဘာသာပြန်ဆိုရာမှာ ဂျီကျသမျှမငြီးမငြူ ကူညီပေးခဲ့တဲ့ ကိုငတုံးမျိုးကို ကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း….)