Movie Name
Wake Up Sid (2009)
Year
2009
Generes
Comedy, Drama
Code
00476
Type
Movie
Size
0.97 GB
Country
Bollywood
Description
သူနာမည်က ဆစ်ဒ်…ချမ်းသာတဲ့မိသားစုကပေါက်ဖွားလာတဲ့သူ…လက်ဖျောက်တစ်ချက်အတွင်းမှာပန်းတွေပွင့်စေချင်သလား…..ရနံတွေ လွမ်းခြုံချင်သလား…ဘာမဆိုဖန်တီးနိုင်လောက်အောင်ချမ်းသာတဲ့သူပီပီလောကကြီးကို အပြုံးတွေနဲ့ ဂျစ်ကန်ကန်ဖြတ်သန်းနေတဲ့ကောင်လေးတစ်ယောက်…သူငယ်ချင်းတွေနဲ့အချိန်ကုန်ပြီး ဘဝရည်မှန်းချက်ဆိုတာ မတွေးကောင်း မလုပ်သင့်တဲ့အရာလိုသတ်မှတ်ထားတဲ့သူ…ကျောင်းမှာလည်း စာမလုပ်တဲ့ကျောင်းပျော်ကြီးပေါ့…အိုင်ရှားဆိုတဲ့ကောင်မလေးကတော့ သူနဲ့ဆန့်ကျင်ဘက်ပါပဲ…ဘဝရပ်တည်မှုအတွက်ကြိုးစားရုန်းကန်နေရသလို ဆစ်ဒ်နဲ့လည်း ခံယူချက်တွေတော်တော်များများက အတော်ကြီးကိုခြားနားနေပါတယ်..သို့ပေမယ့်သူနဲ့ (၂)ယောက်က သူငယ်ချင်းပါပဲ…ကိုင်းဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး..သိပ်ကိုနူးညံသိမ်မွေ့လွန်းတဲ့ကားလေးပါ...ဒီကားက ဇာတ်လမ်းကမှန်းဆရလွယ်တယ်လို့ခင်ဗျားတို့ထင်ချင်ထင်လိမ့်မယ်..သို့ပေမယ် နေ့စဉ်နဲ့အမျှရုန်းကန်နေရတဲ့ကျွန်တော်တို့နှလုံးသားဟာ ပင်ပန်းနွမ်းနယ်ရှာလွန်းတယ်…ဒီကားကြည့်ပြီးရင်တော့ခင်ဗျားတို့ နှလုံးသားဟာ ဆောင်းရာသီမှာသောက်ရတဲ့ ထန်းရည်ပင်ကျစစ်စစ်လိုဖြစ်သွားလိမ့်မယ် …သိတယ်မဟုတ်လားပင်ကျရည်စစ်စစ်ဆိုရင် အမြှုံလေးတွေက ပုဇွန်ဆိတ်ခုန်လေး တဖြတ်ဖြတ်ခုန်နေတာလေ….ခင်ဗျားတို့နှလုံးသားလည်း တဖြတ်ဖြတ်ခုန်သွားလိမ့်မယ်…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်….