Movie Name
Pari (2018)
Year
2018
Generes
Horror
Code
00479
Type
Movie
Size
0.97 GB
Country
Bollywood
Description
: မိုးတွေ သဲကြီးမဲကြီးရွာတဲ့ တစ်နေ့မှာ အာနက်ဘ်နဲ့ သူ့မိဘတွေဟာ အာနက်ဘ်အတွက် သတို့သမီးလောင်းလေးနဲ့ တွေ့ဆုံ မင်္ဂလာစကားပြောဆိုပြီး မြို့ပြင် တောတစ်နေရာကို ဖြတ်သွား တုန်း တစ်စုံတစ်ခုကို ကားနဲ့တိုက် မိခဲ့ပါတယ်။ အိမ်ခြေရာမဲ့ လျှောက်သွားနေပုံရတဲ့ အဘွား အိုတစ်ဦးကို တိုက်မိတာဖြစ်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံး သွားခဲ့ပါတယ်။အဲဒါနဲ့ပဲ အာနက်ဘ်ဟာ ရဲတွေကို အကြောင်းကြားပြီး အနီးအနားမှာ အဘွားအိုရဲ့ အိမ်ကို လိုက်ရှာတဲ့အခါမှာ အိမ်ထဲမှာ ထူးဆန်းတာတစ်ခုနဲ့ တွေ့ခဲ့ပါ တယ်။အဘွားအိုရဲ့ သမီးဖြစ်တဲ့ ရက်ခ်ဆာဟာနာဆိုတဲ့ မိန်း ကလေးကို လက်ထိတ်ခြေထိတ် တွေခတ်လျက်သားနဲ့ တွေ့ခဲ့တာဖြစ်ပြီး မိန်းကလေးကြည့်ရတာ မူမမှန်ဖြစ်နေကာ အပြင်လောကနဲ့ လုံးဝအဆက်အဆံမရှိတဲ့ ပုံစံ မျိုးဖြစ်နေတာပါ။သေသွားတဲ့ အဘွားအိုအ တွက် ဓလေ့ထုံးတမ်းအတိုင်း သဂြုႋဟ်ပေးပြီးနောက်မှာတော့ အာနက်ဘ်ဟာ ရက်ခ်ဆာဟာနာ ကို သူ့အိမ်ကို ပြန်ပို့ပေးခဲ့ပါတယ်။ နောက်တော့ ပါမောက္ခကာဆင် အလီဆိုသူဟာ မိန်းကလေးရဲ့ သရုပ်မှန်ကိုသိတဲ့လူတွေနဲ့အတူ မိန်းကလေးကို ဖမ်းဆီးဖို့အတွက် ရောက်လာခဲ့ပါတယ်။အဲဒီအခါမှာ ရက်ခ်ဆာဟာ နာဟာ ထွက်ပြေးခဲ့ပြီး အာနက်ဘ် ဆီကို ရောက်လာခဲ့ပါတယ်။ အာနက်ဘ်အိမ်မှာနေရင်း ရက်ခ် ဆာဟာအနားမှာ တစ်စုံတစ် ယောက်ရှိနေတဲ့ ပုံစံမျိုးနဲ့ အ ခြောက်အလှန့်တွေ စတင်ကြုံ တွေ့ရပါတော့တယ်။ သေသွားတဲ့ အဘွားအိုနဲ့ ရက်ခ်ဆာဟာတို့က ဘယ်လို ဆက်စပ်မှုတွေရှိနေတာလဲ၊ အာ နက်ဘ်အိမ်မှာ တွေ့နေရတဲ့ ဒဏ်ရာတွေနဲ့ မိန်းကလေးက ဘယ်သူဖြစ်မလဲ၊ ရက်ခ်ဆာဟာ နာရဲ့ သရုပ်မှန်က ဘာဖြစ်မလဲဆို တာကိုတော့ ရင်ဖိုစိတ်လှုပ်ရှား ရင်း ဆက်ကြည့်လိုက်ဦးနော်။ပါဝင်ထားတဲ့ သရုပ်ဆောင် တွေကတော့ Anushka Sharma, Parambrata Chatterjee, Rajat Kapoor, Ritabhari Chakraborty တို့ပဲ ဖြစ်ပါတယ်။