-
Movie Name
-
A Bridge Too Far (1977)
-
Year
-
1977
-
Generes
-
Action, Historical, War
-
Code
-
00498
-
Type
-
Movie
-
Size
-
1.23 GB
-
Country
-
Hollywood
-
Description
-
ဒုတိယကမ္ဘာစစ်ကြိးစတင်ခဲ့တာ ၅နှစ်မြောက်တဲ့နှစ် မှာ D-Day စတင်ခဲ့တယ် တနည်းပြောရရင် ဂျာမနီတွေ ဥရောပမှာ ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် ဒီနေ့မှာ အခြေအနေတွေတမျိုးတဖုံပြောင်းလဲ ခဲ့ရတယ်… ၁၉၄၄ခုနှစ်ဂျွန်လ၆ရက်မဟာမိတ်တပ်ဖွဲ့တွေ ဗိုလ်ချုပ်အိုက်စင်ဟောင်ဝါနဲ့ကွပ်ကဲမှုနဲ့ပြင်သစ်မြောက်ပိုင်းနော်မန်ဒီမှာကမ်းတက်ခဲ့ပြီး ဇူလိုင်လမှာ ပြင်သစ်ကလွတ်မြောက်နယ်မြေဖြစ်လာတယ် ဂျာမနီတို့ဆုတ်ရနေရပြီး မဟာမိတ်တွေအောင်ပွဲတွေရခဲ့တဲ့အချိန်……. ပြသနာက အောင်ပွဲတွေနဲ့အတူ ပါလာခဲ့ပြီး နော်မန်ဒီကနေ မိုင် ၄၀၀ လောက်အထိ ထောက်ပံ့ရေးလမ်းကြောင်းမှာစခဲ့တယ်….ထောက်ပံ့ရေးတွေ ဆိုးဆိုးရွားရွားပြတ်ခဲ့တယ် မဟာမိတ်တွေအတွက်ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေဖြစ်ခဲ့ရတယ်
နောက်ထပ်ပြသနာတခုက အိုက်စင်ဟောင်ဝါရဲ့ နံမည်ကျော်ဗိုလ်ချုပ် ၂ဦးထိပ်တိုက်တွေ့တဲ့ ပြသနာ …… တောင်ပိုင်းမှာရှိတဲ့ ဗိုလ်ချုပ်ပါတ်တွန်နဲ့မြောက်ပိုင်းမှာရှိတဲ့မောင့်ဂိုမာရီတို့က တယောက်ယောက်နဲ့တယောက် သဘောထားမတိုက်ဆိုင်ကြသလို တဦးနဲ့တဦးလဲပြိုင်ဆိုင်မှုတွေပြင်းထန်လာတယ် ထောက်ပံ့ရေးပြသနာရဲ့နောက်ဆွဲတွဲလို့ပြောလို့ရတဲ့ ဒီတင်းမာမုှမှာတယောက်ကတခြားတယောက်ကို ဂျာမန်တွေဆီမှာအရံှုးပေးနေစေချင်ခဲ့တယ်….. နောက်ဆုံးမှာတော့ အိုက်စင်ဟောင်ဝါက မောင့်ဂိုမာရီဘက်ကိုပါခဲ့ပြီး MARKET က လေကြောင်းတပ်ဖွဲ့ကိုကိုယ်စားပြုပြီး GARDEN ကတော့ မြေပြင်တပ်ဖွဲ့တွေကိုကိုယ်စားပြုတဲ့ MARKET GARDEN OPERATION မားကတ်ဂါးဒင်း စစ်ဆင်ရေးကြီးပေါ်လာခဲ့ရတယ် နော်မန်ဒီမှာလေထီးဆင်းခဲ့တာထက် ၂ဆလောက်ပိုများပြီးအချိန်တိုတွင်းပြင်ဆင်ခဲ့ရတဲ့ ဒီစစ်ဆင်ရေးရဲ့နောက်ဆက်တွဲတွေက ဘာတွေဖြစ်လာမလဲ…. နောက်ပြီးသူတို့ရင်ဆိုင်ရမယ့် ဂျာမန်တွေကလဲဘယ်လိုမျိုးတွေလဲ ကမ္ဘာတခွင်ပတ်သိမ်းခဲ့တဲ့ ဂျာမနီတွေကလဲ ပေါ့သေးသေးမဟုတ်တာတော့သေချာတယ်…..