Movie Name
The Hunt (2016)
Year
2016
Generes
Action, Drama, Thriller
Code
01102
Type
Movie
Size
709 MB
Country
Hollywood
Description
ဒီယန် ဆိုတဲ့လူမှာ ဇနီးနဲ့ သားနှစ်ယောက်ရှိပြီး သူဟာ သူတို့မိသားစု စားဝတ်နေရေးပြေလည်ဖို့အတွက် ရုန်းကန်နေရချိန် သားငယ်ဖြစ်သူမှာ ဆေးရုံတင်ထားရပြီး ဆိုးရွားတဲ့အခြေအနေကို ရင်ဆိုင်နေရပါတယ်။ သူဟာ သားဖြစ်သူရဲ့ ဆေးကုသစရိတ်ရဖို့အတွက် အရက်ဆိုင်တစ်ဆိုင်မှာ ရရာအလုပ်လုပ်ရင်း ဧည့်သည်သူဌေးတစ်ယောက်ရဲ့ ပိုက်ဆံကို ခိုးယူခဲ့မိရာမှ ထိုသူဌေးကမြင်သွားခဲ့ပြီး သူ့အား ခေါ်ကာ ဒေါ်လာ သန်း (၁၀၀)တန်တဲ့ အမဲလိုက်ဂိမ်း ကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ သူလည်း ကြံရာမရတဲ့အဆုံး ကမ်းလှမ်းချက်ကို လက်ခံလိုက်ပါတယ်။ ဒါပေမယ့် ဒီဂိမ်းရဲ့အကျိုးဆက်အနေနဲ့ သူ့ဘက်က ပေးဆပ်ရမယ့်အရာကို ထည့်မတွေးမိခဲ့ပါ။ သူတို့ရဲ့ အမဲလိုက်ဂိမ်း စည်းမျဉ်းအရ ဒီယန် ဟာ တောထဲမှာ (၇)ရက်စလုံး သားကောင်အဖြစ် အမဲလိုက်ခံရမှာဖြစ်ပေမယ့်လည်း သွေးအေးပြီးတည်ငြိမ်တတ်တဲ့ ဒီယန် တစ်ယောက် သူဌေးမုဆိုးနဲ့အဖွဲ့တွေကို တောထဲမှာ ဘယ်လိုလှည့်ကွက်အဆန်းတွေနဲ့ ရင်ဆိုင်မလဲ၊ ပြီးတော့ ဒီအမဲလိုက်ဂိမ်းမှာ ဘယ်သူက မုဆိုးဖြစ်ပြီး ဘယ်သူက သားကောင်ဖြစ်မလဲ၊ သူဟာ ဒေါ်လာ သန်း (၁၀၀)ကို ပိုင်ဆိုင်ရမလား ဒါမှမဟုတ် သူ့ရဲ့အသက်ကိုပဲ စွန့်လွှတ်လိုက်ရမလားဆိုတာ စိတ်လှုပ်ရှားဖွယ် ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ နောက်ပြီး ဇာတ်သိမ်းမှာ မထင်မှတ်ထားတဲ့ ဇာတ်သိမ်းလေးနဲ့ အဆုံးသတ်ထားတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ပေးချင်တဲ့ Message ကတော့ ကိုယ့်အပေါ်ကို ဘယ်လိုပဲ မမျှတတဲ့ အကြောင်းတရားတွေလာနေပါစေ အခြေအနေကိုလိုက်ပြီး ကိုယ့်ဘက်ကို ဆွဲခေါ်ယူလာနိုင်အောင် လုပ်ဆောင်တက်ဖို့နဲ့ မိသားစုကိုတန်ဖိုးထားတတ်ဖို့ ဖြစ်ပါတယ်။