-
Movie Name
-
The Quarry (2020)
-
Year
-
2020
-
Generes
-
Crime, Thriller
-
Code
-
04356
-
Type
-
Movie
-
Size
-
801 MB
-
Country
-
Hollywood
-
Description
-
တရားဟောဆရာဖြစ်တဲ့ David Martinဟာ သူတာဝန်ကျတဲ့ဘုရားကျောင်းလာရာလမ်းမှာ လဲကျနေတဲ့လူတစ်ယောက်ကို တွေ့ပြီးကယ်တင်လာခဲ့တယ်
သူကယ်တင်လာတဲ့သူကို ရဲတွေလိုက်ရှာနေမှန်း Davidကရိပ်မိပေမယ့် အဖမ်းခံဖို့နားချရာ အခြေအတင်ဖြစ်ပြီး Davidနှုတ်အပိတ်ခံလိုက်ရပါတယ်
အဲ့ဒီနောက်မှာအမည်မသိတဲ့သူဟာ တရားဟောဆရာDavid Martinရဲ့နေရာကိုဝင်ယူပြီး တာဝန်ကျရာမြို့ဆီကိုသွားရာ ရောက်တဲ့ညမှာတင်ပစ္စည်းတွေအခိုးခံလိုက်ရပြီး
ရဲအုပ်Johnကိုအကူအညီတောင်းရာ မြို့တဝိုက်မှာကျက်စားနေတဲ့ညီအစ်ကိုValentinနဲ့Pocoရဲ့လက်ချက်မှန်းသိပြီး လိုက်ရှာရင်း အကိုကိုသာဖမ်းမိပြီး ညီအငယ်ထွက်ပြေးသွားပါတယ်
David Martinအဖြစ်ဟန်ဆောင်နေသူကတော့ တရားဟောဆရာအနေနဲ့ နယ်ခံတွေရဲ့ယုံကြည်မှုကိုရနေပြီး Pocoကိုလိုက်ဖမ်းနေတဲ့ရဲအုပ်Johnဟာ တရားဟောဆရာအစစ်ရဲ့အလောင်းကိုတွေ့ခဲ့ပါတယ်
ဒီအလောင်းကို Davidအတုကသာသိပေမယ့် ရဲဘက်ကတော့ အမှုအားလုံးကို အကိုဖြစ်သူValentinလုပ်တယ်လို့သာကောက်ချက်ချခဲ့တယ်
Davidအတုကတော့ အတိတ်ကပုံရိပ်တွေကိုပြန်မြင်ပြီး ဟန်ဆောင်မှုတွေပျက်ယွင်းလာချိန်မှာ ရဲအုပ်Johnမှ Valentinရဲ့ပြောစကားကိုမသင်္ကာဖြစ်ပြီး တရားဟောဆရာကို သံသယရှိလာတဲ့အခါမှာ ရှုပ်ထွေးမှုကိုဖော်ထုတ်နိုင်မလားဆိုတာကို ကြည့်ရှုခံစားနိုင်မှာပါ