Movie Name
So Long My Son (2019)
Year
2019
Generes
Drama
Code
04371
Type
Movie
Size
1.68 GB
Country
China
Description
အောင်မြင်မှုတွေရထားတဲ့ တရုတ်Dramaကားကောင်းလေးပါ။ လီရင်နဲ့ ယိုဂျင်းတို့ ဇနီးမောင်နှံက ဘေဂျင်းမြို့ကစက်ရုံတစ်ခုမှာ အလုပ်ကြိုးစားကြသူတွေဖြစ်ပြီး ရှင်းရှင်းဆိုတဲ့သားလိမ္မာလေးတစ်ယောက်လည်းရှိပါတယ်။ သူတို့လင်မယားနဲ့ ရင်းနှီးချစ်ခင်တဲ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ဟိုင်ရန်နဲ့ရီမင်တို့မှာလည်း ရှင်းရှင်းနဲ့မွေးနေ့တူတဲ့ သားလေးဟိုဟိုရှိပါတယ်။ တရုတ်နိုင်ငံရဲ့လူဦးရေလျှော့ချရေးစီမံချက်အရ လင်မယားနှစ်ယောက်တွင်ကလေးတစ်ဦးပဲယူရမယ့်ဥပဒေရှိနေပေမယ့် လီရင်ကိုယ်ဝန်ထပ်ရှိလာတဲ့အခါ စက်ရုံဒါရိုက်တာဖြစ်တဲ့ဟိုင်ရန်က ကိုယ်ဝန်ဖျက်ချစေခဲ့ပါတယ်။ mmbus နောက်တော့ ကံဆိုးစွာနဲ့ပဲ ရှင်းရှင်းလေးတစ်ယောက်ရေနစ်တဲ့အခါမှာတော့ မိသားစုနှစ်ခုရဲ့ချစ်ခင်နေတဲ့ဆက်ဆံရေးတွေပြောင်းလဲသွားပါတော့တယ်။ အဲ့နောက်မှာ လီရင်တို့လင်မယားရဲ့ ဘဝတွေဟာခြောက်ကပ်ပြီး ပျော်ရွှင်မှုနတ္ထိဖြစ်သွားပါတယ်။ ဇာတ်လမ်းကို 1980လောက်မှ ယခုအချိန်ထိ ရိုက်ပြထားပြီး ပူဆွေးမှုသောကတွေ၊ စိတ်ရဲ့ဝန်ထုပ်ဝန်ပိုးတွေကို ဖော်ပြထားပါတယ်။ ကြည့်ရှုခံစားကြပါအုံး။