Movie Name
The Assistant (2019)
Year
2019
Generes
Drama
Code
04372
Type
Movie
Size
822 MB
Country
Hollywood
Description
The Assistant (2019)ဒီရုပ်ရှင်ကတော့ သဘာဝကျပါတယ်။ သဘာဝကျလွန်းလို့ တကယ့်လူတွေရဲ့ အပြင်ဘဝကို ထိုင်ကြည့်နေရသလိုပါပဲ။ ဒီရုပ်ရှင်ဟာ လက်ရှိ ကုမ္ပဏီကြီးတွေရဲ့ အလုပ်ခွင် ဖိနှိပ်မှုတွေ၊ အနိုင်ကျင့်မှုတွေနဲ့ အမျိုးသားတွေလိင်အမြတ်ထုတ်မှုတွေဟာ အပေါ်ယံပဲ ရှုမြင်ခံရပြီး လွတ်မြောက်နေတာကို မီးမောင်းထိုးပြထားတာပါပဲ။ ဒါကြောင့် ထူးခြားမှု ဘာမှမရှိဘဲ ဝေဖန်ရေးဆရာတွေ အားပေးမှုကို ရထားပါတယ်။ ဒီရုပ်ရှင်ဟာ ပထမဆုံး အနေနဲ့ Harvey Weinstein ကို ရည်စူးတိုက်ခိုက်တဲ့ ရုပ်ရှင်လို့လည်း လူပြောများနေပါတယ်။ Harvey Weinstein ကိစ္စကို ကြားမိတဲ့သူတွေလည်း ကြားမိကြမှာပါ။ အမေရိကန်ရဲ့နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်သူဖြစ်ပြီး လိင်အမြတ်ထုတ်မှုပေါင်း ၈၀ ကျော်နဲ့တိုင်ချက်ဖွင့်ခံခဲ့ရပါတယ်၊ အလုပ်ပြုတ်ပြီး၊ အနုပညာသိပ္ပံအကယ်ဒမီကနေ ထုတ်ပယ်ခံလိုက်ရသူပါ။ ဒီရုပ်ရှင်မှာတော့ Julia Garner ကတော့ ရုပ်ရှင်ကုမ္ပဏီရဲ့ လက်ထောက်လေး အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ ဖုန်းတာဝန်ခံဖြေတာတွေ၊ ကော်ဖီဖျော်တာတွေ၊ ရုံးကိစ္စ တစ်နေ့တာလေးတွေကိုပြရင်းနဲ့မှ အမျိုးသမီးငယ်တွေ အကာအကွယ်မဲ့နေတာ၊ ဖိနှိပ်ခံနေရတာကို အားလုံးမြင်အောင် ရိုက်ကူးပြသွားတာပါ။ တစ်ခန်းချင်းအနေနဲ့ကြည့်ရင် ဘာမှန်းမသိသလိုပေမယ့် တစ်ကားလုံးကို ခြုံကြည့်လိုက်ရင် လက်ရှိ အပြင်မှာ ခံစားဖူးတဲ ဝန်ထမ်းတွေဆို မျက်ရည်ပါ ဝဲသွားနိုင်ပါတယ်။ အပေါ်က ပြောခဲ့သလို ဝန်ထမ်းမိန်းကလေးငယ်တစ်ယောက်နဲ့ အလုပ်သဘောနဲ့ ခံစားမှုကို အဓိကရိုက်ပြထားတာမို့ အထူးအထွေ ဇာတ်လမ်းဇာတ်ကွက်ကြီးတွေ မျှော်လင့်ထားရင်တော့ ပျင်းဖို့ကောင်းလိမ့်မယ်လို့ သတိပေးပါရစေ။