Movie Name
Angrezi Medium (2020)(english Medium)
Year
2020
Generes
Comedy, Drama
Code
04373
Type
Movie
Size
1.01 GB
Country
Bollywood
Description
Angrezi Medium 2020 ဒီတစ်ခါမှာတော့ကြည့်နေရင်းပြုံးပြုံးကြီးဖြစ်နေပြီး နွေးထွေးတဲ့မေတ္တာကိုခံစားရမယ့် အိန္ဒိယဟာသဒရမ်မာ ကားလေးပါ။ Gasiteram မိသားစုကြီးဟာ မုန့်ချိုဆိုင်တွေဖွင့်တဲ့စီးပွားရေးကိုလုပ်ကိုင်ကြပါတယ်။ ပြီးတော့အမြဲတမ်း မူပိုင်ခွင့်နဲ့ပတ်သတ်ပြီးအငြင်းပွားနေတတ်ကြပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ချမ်ပက်ခ်ဟာ တစ်ခုလပ်ပါ သူ့မှာတာရီကာဆိုတဲ့သမီးလေးရှိပါတယ်။ တာရီကာလေးကငယ်ငယ်ထဲက နိုင်ငံရပ်ခြားမှာနေဖို့ စွဲလမ်းနေသူလေးပါ။ဆယ့်ရှစ်နှစ်ပြည့်ပြီးတက္ကသိုလ်တက်တဲ့အခါ မိဘနဲ့ခွဲပြီးနေမယ် ဘိုဆန်ချင်တယ်ပေါ့။ ဒီလိုနဲ့သူ့သမီးလေးကပညာသင်ဆုရပြီး အထက်တန်းကျောင်းကတဆင့် လန်ဒန်မှာတက္ကသိုလ်တက်ဖို့အခွင့်အရေးရခဲ့ပါတယ်။ ဒါပေမယ့် ချမ်ပက်ခ် တစ်ယောက်အလွဲတွေလုပ်မိတာကြောင့် ဒီအခွင့်အရေးကိုဆုံးရှုံးလိုက်ရပါတော့တယ်။ ဒီအခါမှာ အဖေတစ်ယောက်အနေနဲ့ သူ့သမီးလေးရဲ့ ဆန္ဒတွေပြည့်ဝဖို့ လန်ဒန်မှာစာသင်ခွင့်ရဖို့အရေးဘယ်လိုတွေ ရုန်းကန်ရမလဲ။ အလွဲလေးတွေနဲ့ ကြည့်လို့ပျော်မယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ မအူမလည်ဖခင်တစ်ယောက်ရဲ့ သားသမီးအပေါ်ထားတဲ့မေတ္တာတရားနဲ့သူ့ရဲ့စွန်းစားခန်းတွေကိုလည်းကြည့်ရမှာပါ။ ဒီကားကအရမ်းငိုရမယ့်အခန်းတွေမပါပေမယ့် ဒရမ်မာဟာသရသကိုအပြည့်ပေးနိုင်မယ်လို့ထင်ပါတယ်။