Movie Name
Bodyguard (2020)
Year
2020
Generes
Action
Code
04375
Type
Movie
Size
585 MB
Country
Korea
Description
အချစ်ဆိုတာမျိုးကမထင်မှတ်ပဲ အခြေအနေမျိုးစုံမှာရုတ်တရက် ထွက်ပေါ်တတ်လာတာမျိုးပါ။ ကိုယ်ချစ်တဲ့သူကို သက်ဆုံးတိုင်ကာကွယ်ပေးချင်တယ်။ စောင့်ရှောက်ပေးချင်တယ်။ ဒီကားလေးကတော့ ၂၀၂၀ကထွက်ရှိထားပြီး Action/Drama အမျိုးအစားကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဆူဝန်ဆိုတဲ့သူတစ်ယောက်က ဘဝမှာအသက်ထက်ချစ်ရတဲ့ ချစ်သူကိုဆုံးရှုံးပြီး နောက်ဘဝကိုပေပေတေတေနေလာခဲ့ပါတယ်။ mmbus သူမှာသူငယ်ချင်းနှစ်ယာက်ရှိတယ်။ ထယ်ယောင်း၊ချောလေးဆိုတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ ငွေချေးလုပ်ငန်းတစ်ခုမှာ လူမိုက်ဝင်လုပ်နေခဲ့တယ်။ တရက်မှာတော့မထင်မှတ်ပဲ သူဘဝထဲကို သူချစ်သူအခြေအနေနဲ့တူတဲ့ ထူးဆန်းတဲ့ အမျိုးသမီးတယောက်ရုတ်တရက်ဝင်ရောက်လာခဲ့ပါတယ်။ အဲ့ဒီကောင်မလေးကို ဆူဝန်က ကာကွယ်ပေးဖို့ဖြစ်လာခဲ့သလို သူမအတွက်ဆိုအမြဲအဆင်သင့်ရှိနေပေးရမယ့် ဘော်ဒီဂတ်တစ်ယောက်လိုဖြစ်လာခဲ့ပါတယ်။ သူဘဝထဲအမှတ်မထင်ဝင်ရောက်လာတဲ့ ကောင်မလေးကကော ဘယ်သူလဲ ဘယ်လိုရောက်လာတာလဲ ဆိုတာကိုတော့စိတ်ဝင်စားဖွယ်တွေ့ရမှာဖြစ်လို့ ဇာတ်လမ်းကိုကိုယ်တိုင်ပဲခံစားကြည့်စေချင်ပါတယ်။ Action ကားဆိုပေမယ့် အချစ် Romance လေးလဲပါသလို ဇာတ်လမ်းလေးကလည်းဆန်းပြီး အလှည့်အပြောင်းလေးတွေလည်းရောစပ်ထားပါတယ်။ ပိတ်ရက်မှာ Action ကားကောင်းကောင်းမျှော်နေတဲ့ ပရိတ်သတ်ကြီးလည်းအကြိုက်တွေ့မယ်လို့မျှော်လင့်ပါတယ်။