-
Movie Name
-
The Resistance Banker (2018)
-
Year
-
2018
-
Generes
-
Action, Drama
-
Code
-
01114
-
Type
-
Movie
-
Size
-
1.16 GB
-
Country
-
Bollywood
-
Description
-
Netflix က တင်ဆက်တဲ့ ရုပ်ရှင်တော်တော်များများဟာ ဖြစ်ရပ်မှန်တွေကိုရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးထားတာ များပါတယ်ဒီရုပ်ရှင်ဟာ ဂျာမန်တွေကို စစ်ရှုံးအောင် ဒက်ချ် တော်လှန်ရေးတပ်တွေ အရေးသာအောင် တရားမဝင်ဘဏ် ဖွင့်လှစ်ပြီး နိုင်ငံ နဲ့ လူမျိုး အတွက် ကယ်တင်ခဲ့တဲ့ ဗန်ဟော မိသားစု ရဲ့ဖြစ်ရပ်မှန် ဇတ်လမ်းလေးပါ…. ဝယ်လီဗန်ဟော ဟာ ဘဏ်ဝန်ထမ်း တစ်ဦးဖြစ်ပြီးမျိုးချစ်စိတ် ရှိတဲ့ လူ တစ်ဦးဖြစ်ပါတယ်ဂျာမန်တွေ ဟာ ဘဏ်တွေထိပါ ဝင်ရောက်စီးနင်းပြီးစီးပွားရေး ဆိုင်ရာအရ တော်လှန်ရေး နဲ့ နိုင်ငံရေးတွေမှာဝင်ပါမှု မရှိအောင် ပြုလုပ်ကြပါတယ်…တစ်ချို့ လူတွေဆို စီးပွားရေးမကောင်းလို့သတ်သေတဲ့သူတွေက သတ်သေကြပါတယ်တစ်ရက်မှာတော့ ဝယ်လီ ဆီသို့ လူတစ်ဦးရောက်လာပါတယ်တော်ဝင်ရေတပ်အရာရှိ ဗွန်ဒယ်ဘယ်ရီ ဖြစ်ပြီးဗန်ဟော မိသားစု ဟာ ဘဏ်လုပ်ငန်းဆိုင်ရာဘက်မှာအကျွမ်းတဝင် ရှိပြီး နာမည်ရထားသူများ ဖြစ်တဲ့အတွက်စီးပွားရေးသမားများကို ပေါင်းစုပြီး လျို့ဝှတ်ဘဏ်တစ်ခုဖွင့်လှစ်ဖို့ တိုင်ပင်ခဲ့ပါတယ်…ထိုဘဏ် မှာ စီးပွားရေးသမားတွေ ရင်းနှီးမြုတ်နှံပြီးစစ်ပွဲ ကာလ အတွင်းတော်လှန်ရေး တပ်တွေအတွက်ပံ့ပိုးပေးရမှာ ဖြစ်ပြီး စစ်ကြီးပြီးတဲ့ အခါ အရင်း ရော အမြတ်ပါအစိုးရ က ပြန်လည်ပေးအပ်ရမှာဖြစ်ပါတယ်…ဒီလုပ်ငန်းအတွက် နိုင်ငံ နဲ့ လူမျိုး အတွက် ဗန်ဟော မိသားစုထဲကဝယ်လီ ဗန်ဟော တစ်ယောက်သာ စတင်ခဲ့ပါတယ်… အဓိက စိတ်ဝင်စားစရာကောင်းတာကဗန်ဟောမိသားစု ဟာ ဂျာမန်တွေ မသိအောင်စီးပွားရေးသမားတွေကို တိတ်တစိတ် စုစည်းပြီးလျို့ဝှတ်ဘဏ် ဖွင့်ရမယ့် အရေးဟာအသက်ဘေး နဲ့ နီးနီးလေးသာ ဖြစ်ပါတယ်ဂျာမန်တွေက အလွန်ရက်စက်ပြီးညှာတာမှု ကင်းမဲ့ပါတယ်…ဒီလို ဘေးရန်တွေကြားကနေဗန်ဟော မိသားစု က စစ်ပွဲနိုင်အောင်ဘယ်လိုပံ့ပိုးပေးမလဲ ဘယ်လိုတွေအနစ်နာခံရတယ် ဆိုတာဆက်လက်ကြည့်ရှုကြပါစို့….ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့May Thu ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်