-
Movie Name
-
THE UNKNOWN SOLDIER (2017)
-
Year
-
2017
-
Generes
-
Action, War
-
Code
-
01119
-
Type
-
Movie
-
Size
-
1.26 GB
-
Country
-
Hollywood
-
Description
-
Hacksaw Ridge နောက်ပိုင်း စစ်ကားကောင်းတွေ မထွက်တာတော့ စစ်ကားကြိုက်ပရိတ်သတ်တွေအတွက် ဝမ်းနည်းစရာပါပဲ..သို့ပေမယ့် ဝမ်းသာစရာကောင်းတာ က ဒီဇာတ်ကားဟာ စစ်ကားကောင်းစာရင်းထဲပါသလို အကောင်းဆုံးမင်းသားဆု၊တည်းဖြတ်ဆု၊အသံတည်းဖြတ်ဆုနဲ့ မိတ်ကပ်ဆုလည်းရခဲ့တဲ့အပြင် အခြားဆု(၆)ဆုလည်းဆန်ကာတင်စာရင်းထဲဝင်ခဲ့ပါတယ်…. ဖင်လန်နိုင်ငံရဲ့နာမည်ကြီးအရောင်းရဆုံးဝတ္တုကို အခြေခံပြီးရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်…..ဇာတ်လမ်းအကျဉ်းကတော့ ၁၉၄၁ ဂျွန်လလောက်တွင် ဖင်လန်နိုင်ငံဟာ နာဇီဂျာမန်နဲ့မဟာမိတ်ဖွဲ့ခဲ့ရတယ်..ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ရုရှားဆိုဗီယက်တို့ရဲ့ နယ်မြေသိမ်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန်ကြုံတွေ့ခဲ့ကြရတယ်..၁၉၃၉ခုနှစ်တုန်းက ဆောင်းတွင်းတိုက်ပွဲမှာဆုံးရှုံးသွားတဲ့ ကာရီးလီးယားနယ်မြေကို ရုရှားတို့ဟာ ပြန်လည်သိမ်းပိုက်ဖို့အတွက်ချီတက်ခဲ့ကြပြီးတိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့ပါတယ်…စစ်ပွဲကာလ အတောအတွင်းမှာ ဖင်လန်ရဲဘော်တွေ စစ်ပွဲနဲ့ပတ်သက်ပြီး ဖြစ်ပျက်မှုတွေကိုအဓိကထားပြီးရိုက်ကူးထားတာပါ…ဒီကားက ပေးချင်တဲ့ Message လေးတွေအရမ်းကောင်းတယ်…ဒီကားကြည့်ပြီးတော့ ကျွန်တော်တို့ နိုင်ငံက စစ်ပွဲတွေရပ်ဆိုပြီးစေတနာနဲ့ သီချင်းဆို လမ်းလျောက် ဆန္ဒပြနေတဲ့သူတွေကိုသွားသတိရမိတယ်….စစ်ကားကြိုက်သူတွေအတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ ညွှန်းဆိုပါရစေ….ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ဖြစ်ပါတယ်..