-
Movie Name
-
Thousand Yard Stare (2018)
-
Year
-
2018
-
Generes
-
Action, War
-
Code
-
01123
-
Type
-
Movie
-
Size
-
848 MB
-
Country
-
Hollywood
-
Description
-
ဒီကားလေးကတော့ world war II ကိုအခြေခံထားတဲ့ low budget filmတစ်ခုဖြစ်ပါတယ်…ဒါရိုက်တာ Aaron Kurmey ရိုက်ကူးထားတာဖြစ်ပါတယ် အေရွန် ကာမေးက ဇာတ်ကားအတွက်ဇာတ်ညွှန်းရေးခဲ့ရမှာ အချက်နှစ်ချက်ကိာအခြေထားပါတယ် နံပါတ် (၁)စစ်အကြာကြီးတိုက်ခဲ့တဲ့ စစ်မှုထမ်းတွေဆွဲကြိုးချ သေတာကအာဖဂန်နဲ့အီရတ်မှာစစ်တိုက်လို့သေတာထက်ပိုများနေပါတယ်နံပါတ်(၂)စစ်သားဟောင်းတွေကအာဖဂန်စစ်ပွဲတွေမှာ လိုက်တိုက်ရင်းနဲ့သူတို့အရင်ကတိုက်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေစိတ်ထိခိုက်မှုတွေကို တခြားသူတွေကိုပြောပြလေ့ရှိပါတယ် အဲ့ဒီကနေအရေးကြီးတဲ့အချက်ကို အာရွန်ကသိမြင်ခဲ့ပါတယ် စစ်သားတွေအိမ်ပြန်လာတယ်ဆိုတိုင်းစစ်ပွဲတွေပြီးသွားတာမဟုတ်ပါဘူးဆိုတာကိုသိခဲ့ရပါတယ် world war II မှာ ဂျာမန်တွေနဲ့ အမေရိကန်တွေ ကက်စရင်း စစ်ပွဲမှာတိုက်ခိုက်ရင်းနဲ့ ဆာဂျင် Roland Rothach ဟာ အာဖရိက သဲကန္တာရတစ်ခုမှာ သူ့တပ်စုနဲ့ လူစုကွဲသွားပါတယ်..သူ့ကိုဂျာမန်တွေဖမ်းမိသွားတဲ့အချိန်မှာ သူ့ဘဝမှာ တစ်သက်လုံး အိပ်မက်ဆိုးတွေမက်နေရလောက်အောင် အပြင်းအထန်ရှော့ခ်ရခဲ့ပါတယ်…ဒါကြောင့် စစ်ကြီးပြီးသွားသည်အထိတိုင်အောင် သူဟာမိသားစုနဲ့အဆင်မပြေဘဲ သာမာန်ဘဝနဲ့နေသားကျဖို့အခက်တွေ့နေတာကို စစ်အတွင်းက flashbackတွေနဲ့ လက်ရှိဘဝက အဆင်မပြေမှုတွေကို တခန်းစီကြည့်ရှုရမှာပါ