-
Movie Name
-
Tomb Raider (2018)
-
Year
-
2018
-
Generes
-
Action, Drama
-
Code
-
01126
-
Type
-
Movie
-
Size
-
881 MB
-
Country
-
Hollywood
-
Description
-
လာရာခရော့ဖ်ဟာ ဖခင် ရစ်ချက် ပျောက်ဆုံးသွားပြီးတာ တောင်မှ ဘဝကို ပူပင်ကြောင့်ကြ မဲ့ နေနေတာပါ။ တစ်ရက်မှာတော့ ယာဉ်တိုက်မှုတစ်ခုကြောင့် အ ဖမ်းခံရပြီး သူ့အဖေရဲ့ စီးပွား ဖက် အန်နာမစ်လာက လာရာကို အာမခံနဲ့ လာထုတ်ခဲ့ပါတယ်။ ရစ်ချက်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဟာ လာရာအမွေဆက်ခံမလုပ် ကိုင်ဘူးဆိုရင် ရောင်းပစ်ရမယ့် အနေအထားဖြစ်နေပြီလို့ သတိ ပေးခဲ့တာကြောင့် လာရာတစ် ယောက် သူ့အဖေရဲ့ရုံးခန်းဆီ သွားခဲ့ပါတယ်။အဲဒီမှာ သူ့အဖေထားခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကို ရှာတွေ့ခဲ့ပြီး ဒဏ္ဍာရီဘုရင်မ ဟီမီကိုနဲ့ပတ် သက်ပြီး သုတေသနလုပ်ထားတာ တွေကို ပြောပြထားကာ အန္တ ရာယ်များလွန်းတဲ့အတွက် ဆက် မလုပ်ဖို့နဲ့ ဖျက်ဆီးပစ်ဖို့ မှာခဲ့ပေ မယ့် လာရာကတော့ ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အဲဒါနဲ့ လာရာဟာ ဟောင် ကောင်ကို ခရီးထွက်ခဲ့ပြီး ဟီမီကို ဘုရင်မ အုတ်ဂူရှိနိုင်မယ့် ကျွန်း ဆီကို သွားခဲ့ပါတယ်။ လမ်းမှာ မုန်တိုင်း အကြီးအကျယ်မိပြီး သင်္ဘောပျက်ကာ ကျွန်းတစ်ကျွန်း ပေါ် ကမ်းတင်သွားပြီး ဟီမီကို အုတ်ဂူကို လိုက်ရှာနေတဲ့ အဖွဲ့ ခေါင်းဆောင် မက်သီရက်ဗိုဂယ် ဆိုသူက ဖမ်းဆီးထားခဲ့ပါတယ်။ဗိုဂယ်ဟာ ရစ်ချက်ကို သတ် ပစ်ခဲ့ပြီး ရစ်ချက်ရဲ့ သုတေသန ပြုချက်တွေနဲ့ ဟီမီကိုအုတ်ဂူ ကို ဆက်ရှာဖို့ ကြံစည်နေတာပါ။ လာရာကို သင်္ဘောကပ္ပတိန် လူ ရန်က ကယ်ဆယ်ခဲ့ပြီး ဒေသခံရေ လုပ်သားတွေ အကူအညီနဲ့ အုတ် ဂူရှိရာကျွန်းဆီကို သွားခဲ့ပါတယ်။