-
Movie Name
-
Trouble Is My Business (2018)
-
Year
-
2018
-
Generes
-
Action, Crime
-
Code
-
01129
-
Type
-
Movie
-
Size
-
847 MB
-
Country
-
Hollywood
-
Description
-
မိန်းကလေးတစ်ယောက်ကိုသတ်တဲ့အမှုနဲ့ စွပ်စွဲခံထားရတဲ့ အလွတ်စုံထောက် ရိုလန်ဒရိတ်ခ်ဟာ သူ့ရုံးခန်းမှာ စိတ်ပျက်လက်ပျက်ထိုင်နေတုန်း အနက်ရောင်ဝတ်စုံကို ဆင်မြန်းထားတဲ့ ဆံပင်အနက်ရောင်နဲ့ ကတ်သရင်းဆိုတဲ့ မိန်းမချောတစ်ဦး သူ့ဆီ ရောက်လာခဲ့ပါတယ်…ဒီမိန်းကလေးဟာ…လူကုန်ထံအသိုင်းအဝိုင်းထဲက မွန်တီမာမိသားစုရဲ့ သမီးတစ်ယောက်ပေါ့…ရောက်လာတဲ့ကိစ္စက သူ့အဖေပျောက်သွားလို့ လိုက်ရှာပေးဖို့အကူအညီလာတောင်းတာပါတဲ့….ဖြစ်ချင်တော့ စုံထောက်နဲ့ မိန်းမပျိုဟာရည်ငံသွားကြပြီး အဲ့ဒီညမှာတင် စုံထောက်တိုက်ခန်းကိုလိုက်အိပ်ပါသတဲ့….မနက်နိုးတော့ မိန်းကလေးဟာ ပျောက်ဆုံးနေခဲ့ပြီး သူနဲ့အတူအိပ်ခဲ့တဲ့ အိပ်ရာပေါ်မှာ သွေးကွက်ကြီးတစ်ခုသာ ကျန်ခဲ့တာကို စုံထောက်ကထူးဆန်းစွာတွေ့ရှိခဲ့ပါတယ်… အဲ့ဒီမနက်မှာ ဖုန်းခေါ်ဆိုမှုတစ်ခုရပြီး ရုံးကိုပြန်အသွား ရွှေအိုရောင်ဆံပင်နဲ့မိန်းကလေးတစ်ယောက် ထပ်ရောက်လာခဲ့ပါတယ်…သူကတော့ ကတ်သရင်းရဲ့ညီမ ဂျနီဖာပါတဲ့…သူကလည်းမနက်လင်းလင်းချင်း သူ့ဆီကို ကတ်သရင်းနဲ့စုံထောက်အတူရှိနေခဲ့ကြတဲ့ပုံတွေကို စာအိတ်တစ်အိတ်နဲ့ရောက်လာပြီး သူ့အဖေပြီး သူ့ညီမပါထပ်ပျောက်သွားတဲ့အတွက် သူ့ဆီလာရောက်စုံစမ်းခြင်းပါ..ဒီလိုနဲ့ ထူးဆန်းစွာပျောက်ဆုံးမှုတွေကို ရှာဖွေရင်း ရှုပ်ထွေးတဲ့ပြဿနာတွေထဲ ဝင်ရောက်မိသွားတဲ့ ရာဇဝတ်စုံထောက်ကားကို ၁၉၄၀ ပတ်ဝန်းကျင် ကပုံစံမျိုးနဲ့ရိုက်ကူးထားတဲ့ ၂၀၁၈ ထွက် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်…စုံထောက်ကားကြိုက်နှစ်သက်သူတွေအတွက် ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားပြီး ဇာတ်လမ်းအဆုံးမှာ ဟာခနဲ ဟင်ခနဲ ဖြစ်သွားစေမယ့် ကားတစ်ကားပဲဖြစ်လို့ ကြည့်ရှုခံစားကြဖို့ ဖိတ်ခေါ်ပါတယ်