Movie Name
The Fierce Wife (အချစ်၏နောက်ကွယ်)
Year
2018
Generes
Drama
Code
ST0135
Type
Series
Size
3.58 GB
Country
Thai
Description
เมีย Mia2018 /The fierce wife အချစ်၏နောက်ကွယ် မြန်မာစာတန်းထိုးအစအဆုံး 2018ကထွက်တဲ့အိမ်ထောင်ရေးဇာတ်ကားပါ။ (2018ထဲမှာတော့ ထိုင်းမှာ အရမ်းနာမည်ကြီးတဲ့ ဇာတ်လမ်းတွဲတခုပါ) အိမ်ထောင်သည် အများစု ယောက်ျားရော မိန်းမပါ ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲတခုအခုခေတ်ကြီးမှာ ဖြစ်ပျက်နေတာတွေနဲ့တကယ့်ကို ကွက်တိ ပညာပေးဇာတ်လမ်းတခု လို့ ပြောရင်ပိုမှန်မယ် မိန်းမတွေ အပြင်လက်တွေ့မှာ အဲလိုကြုံလာခဲ့ရင်လည်း အဲဇာတ်လမ်းထဲက မိန်းမလို စိတ်မွေးကြပါ(လွယ်တော့မလွယ်ပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားကြပါ) ပြီးတော့ နားရွက်တိုနဲ့ခြေနှစ်ချောင်း မကယ်ကောင်းဆိုတာလဲ အမှန်ပဲ ညီမကို သနားလို့ အိမ်ပေါ်ခေါ်တင် ပြီးတော့ ကိုယ့်ယောက်ျားကို မ,သွားပါလေရော ယောက်ျားတွေကလဲ ကိုယ့်မိန်းမက အိမ်ထဲမှာနေပြီးကျွန်မတယောက်လို သူတို့အတွက်အစစပေးဆပ်နေရလို့ ကိုယ့်ကိုယ်ကျတော့ ဖြစ်သလိုနေနေရတော့ လှတာမြင်ပြီး ငမ်းငမ်းတက်ပါသွား ပြီးမှမိန်းမနဲ့တုန်းကလို ကျော့ကျော့လေးမနေရပဲ မယားငယ်နဲ့လဲကျရောစားပြီးသားပန်းကန်ပါဆေးပေးနေရတာ သေလေ အပြင်မှာလဲ အာ့မျိုးတွေ တပုံကြီး (ဒီကားမှာ ခလေးလေးနဲ့ သူဌေးသားလုပ်တဲ့ မင်းသားလေးကတော့ ဒီကားနဲ့ အရမ်းကို နာမည်ကြီးသွားပါတယ် 😍😍) 2018ထဲမှာ ဒီကားက အရမ်းပေါက်သွားလို့ အခုဆို အဲကားရဲ့အဆက်(อรุณา 2019)ဆိုပြီး ထပ်ထွက်နေပြီး အခုပြတဲ့လိုင်းကနေပဲ အခုလောလောဆယ် ပြသနေပါတယ် ဇာတ်လမ်းအညွှန်း👇🏻 Arunaက‌ကနေအလုပ်လည်းလုပ်အိမ်ရှင်မကောင်းလည်းပီသတယ် Tadaကလည်းယောင်္ကျားကောင်းပီသတော့ လူတွေကသူတို့ကိုမနာလိုကြတော့ဘူး။သူတို့မှာNudaဆိုတဲ့သမီးလေးတစ်ယောက်ရှိတယ်။ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘ၀လေးပေါ့။👪 တစ်နေ့မှာတော့Gunyaဆိုတဲ့ အမျိုးသမီးတစ်ယောက် Arunaရဲ့ညီမ၀မ်းကွဲနိုင်ငံခြားကနေပြန်လာခဲ့တယ်🛬။Arunaတို့မိသားစုနဲ့ အတူတူနေပါတယ်။ Gunyaနဲ့Tadaဟာမှားယွင်းသွားပြီးတဲ့နောက်ပိုင်းမှာတော့အခြေအနေဟာပြင်းထန်စွာပြောင်းလဲသွားတယ်။👿Arunaဟာအရမ်းကိုစိတ်နာကျည်းသွားတယ်။ သူ့ဘ၀ကိုဘယ်လိုရှေ့ဆပ်မလဲ သူ့သမီးလေးဘ၀ကရော အဲ့အတွက်သူTadaကိုကွာရှင်းဖို့ကိုဆုံးဖြတ်လိုက်တယ်။📝 အဲ့လိုဆုံးဖြတ်ပြီးနောက်မှာသူ့ကိုသူ့အမေပြောခဲ့တဲ့စကားကိုသတိရသွားတယ်။ယောင်္ကျားကောင်းဆိုတာမုန့်ဖက်ထုပ်လိုပဲ ပုံကောင်းရဖို့အတွက်ကျွမ်းကျင်စွာပြုလုပ်တတ်ရမယ် ပြီးရင်အပူပေးရမယ် မိသားစုဆိုတာလည်းအဲ့လိုပဲညှင်ညှင်သာသာလေးလုပ်ရမယ် ကူညီထောက်ပံ့ရမယ် ဘယ်လိုခက်ခဲတဲ့ပြဿနာတွေပဲရှိလာရှိလာနင်ရင်ဆိုင်ရမယ်တဲ့💪🏻 ပြီးနောက်မှာတော့ArunaဟာWasinဆိုတဲ့အသက်ငယ်ငယ်ချောချောလေးCEOနဲ့တွေ့ခဲ့တယ်။Wasinဟာနိုင်ငံခြားတက္ကသိုလ်ကနေဘွဲ့ရထားတဲ့လူပါ👨🏻‍🎓။သူဟာArunaကိုသူ့အလုပ်အသစ်လုပ်ဖို့အတွက်ဆက်သွယ်ပါတယ်📞။Arunaဟာအခြေအနေတစ်ခုကြောင့်အလုပ်ပြန်လုပ်တော့ပါမယ်။👩🏻‍💻 သူTadaနဲ့ကွာရှင်းမလား?👩‍⚖️ နောက်ဘာတွေဆက်ဖြစ်ကြမလဲ?🤷🏼‍♂️ သိချင်တယ်ဆိုရင် ကြည့်လိုက်ပါတော့နော်။💁🏻‍♂️