-
Movie Name
-
Uncorked (2020)
-
Year
-
2020
-
Generes
-
Drama
-
Code
-
04393
-
Type
-
Movie
-
Size
-
976 MB
-
Country
-
Hollywood
-
Description
-
အခုခေတ်လူငယ်တွေရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ ဇာတ်လမ်းလေးပါပဲ။ လူငယ်တစ်ယောက်ရဲ့ ကိုယ်ဝါသနာပါရာကို လုပ်ဆောင်လိုစိတ် ပြင်းပြမှုကို မြင်တွေ့ရမယ်။ လူငယ်တွေဆိုတာ ကိုယ်အားသာရာကို သိရဖို့ အရာရာကို စမ်းကြည့်တတ်ကြတာပါပဲ။ တစ်ချို့ကတော့ လမ်းပျောက်နေကြတာလို့ ပြောကြတယ်။ အဲ့ဒီလူငယ်တွေထဲမှာ Elijahလည်း အပါအဝင်ပဲပေါ့။ Elijah ရဲ့အဖေက မိသားစုအမွေ စားသောက်ဆိုင်ကို ဦးစီးတဲ့သူဖြစ်တယ်။ သူက Elijah ဆီ စားသောက်ဆိုင်ကို လက်လွှဲပေးချင်တာပေါ့။ Elijah မြတ်နိုးမိသွားတာကတော့ ဝိုင်ကျွမ်းကျင်မှု ပညာရပ်။ သူုဖြစ်ချင်တဲ့ ပန်းတိုင်ကို ဘယ်လိုလျှောက်လှမ်းသွားမလဲ။ အားပေးမှုတွေရသလို နားလည်မှုအလွဲတွေနဲ့ အခက်အခဲတွေလည်း ရှိလာမယ်။ လူငယ့်စိတ်သဘောအရ စိတ်အပြောင်းအလဲတွေ မချင့်မရဲဖြစ်တာတွေလည်း ရှိဦးမှာ။ ဒီဇာတ်လမ်းမှာ သားအဖနှစ်ယောက်ကြားက ဆက်ဆံရေးကိုလည်း လှလှလေးဖော်ပြထားတယ်။ နောက်ပြီး ဝိုင်လောကကို အခြေတည်ထားတဲ့ ရုပ်ရှင်ဆိုတော့ ဝိုင်ဝါသနာအိုးတွေအတွက် သဘောကျစရာပါ။ IDMB 6.4 ရထားပြီး Drama အမျိုးအစားဖြစ်ပါတယ်