Movie Name
Balto (1995)
Year
1995
Generes
Animation, Adventure, Drama
Code
04399
Type
Movie
Size
750 MB
Country
Hollywood
Description
Channel Myanmar ပရိတ်သတ်တွေအတွက် ဒီတစ်ခါမှာတော့ Balto ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးဟာ ၁၉၉၅ ခုနှစ်တည်းက ထွက်ရှိခဲ့တာဖြစ်ပြီး သူရဲကောင်းခွေးလေးတစ်ကောင်အကြောင်း ရိုက်ကူးထားတဲ့ IMdb 7.1 နဲ့ Rotten Tomato 54% ရရှိထားတဲ့ Animated ဇာတ်လမ်းကောင်းလေး တစ်ပုဒ်လည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ ဘော်တို လို့အမည်ရတဲ့ ဝံပုလွေသွေးနှောတဲ့ ခွေးလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ ခွေးချစ်သူ တိချစ်သူလေးတွေကတော့ 1925 Serum Run to Nome မှာ ထင်ရှားတဲ့ ဘော်တို တို့ တိုဂို တို့ ကို ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အလက်စကာ မှာရှိတဲ့ နုမ်း မြို့လေးရဲ့ အလွန်ဆိုးရွားတဲ့ ဆောင်းရာသီတစ်ခုမှာ ကလေးငယ်လေးတွေဆီကို ကပ်ရောဂါတစ်ခု ကျရောက်လို့ လာခဲ့ပါတယ်။ နုမ်းမြို့ငယ်လေးရဲ့ တစ်ခုတည်းသောဆေးရုံမှာ ရောဂါဖြေဆေးတွေလည်း ကုန်တဲ့အထိ ကပ်ရောဂါကဆိုးရွားနေခဲ့ပြီး ကြမ်းတမ်းလှတဲ့ နှင်းမုန်တိုင်းတွေနဲ့ ရာသီဥတုကြောင့် အခြားမြို့ကနေ ဆေးတွေပို့ဖို့ကလည်း မဖြစ်နိုင်တော့ဘဲ ခွေးလိမ္မာလေးတွေဆွဲတဲ့ စွပ်ဖားလှည်းကသာ ဖြေဆေးသယ်ယူဖို့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ပြိုင်ပွဲပြုလုပ်ပြီး မြို့ထဲက အပြေးအမြန်ဆုံး ခွေးတွေကိုရွေးချယ်ကာ နီနားနားမြို့မှာ ရောဂါဖြေဆေးတွေ သွားယူစေခဲ့ပါတယ်။ နီနားနားက နေ နုမ်းကို ရောဂါဖြေဆေးတွေကို သယ်ဆောင်လာပေးတဲ့ ပွဲဟာ 1925 Serum Run to Nome ရယ်လို့ ကျော်ကြားပါတယ်။ ဘော်တို ဟာ ဝံပုလွေသွေးနှောတဲ့ ခွေးလေး ဖြစ်တာကြောင့် အားလုံးက ဝိုင်းပယ်ထားပေမယ့် အဲဒီ ခွေးပြိုင်ပွဲကို မဖြစ်မနေ ဝင်ပြိုင်ခဲ့တဲ့အခါ​ အပယ်ခံ ခွေးလေး ဘော်တိုဟာ ပြိုင်ပွဲမှာ အနိုင်ရပါ့မလား? သူသိပ်ပြီး ကူညီသယ်ယူပေးချင်နေတဲ့ ဆေးတွေကို တကယ်ပဲ သယ်ယူပေးနိုင်ပါ့မလား? စွပ်ဖားဆွဲတဲ့ ခွေးလေးတွေ အားလုံးရော အိမ်ပြန်ရောက်ပါ့မလား ဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက် ရင်ခုန်လိုက်ကြပါဦးနော်။