Movie Name
As Above, So Below (2014)
Year
2014
Generes
Horror, Thriller
Code
01151
Type
Movie
Size
689 MB
Country
Hollywood
Description
ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကြီးရဲ့ လမ်းမတွေရဲ့အောက်မှာ အကွေ့အချိုးမိုင်ပေါင်းများစွာနဲ့ မြေအောက်လိုဏ်ခေါင်းတွေရှိလို့နေတယ်။ မရေမတွက်နိုင်တဲ့ဝိညာဉ်တွေရဲ့ ထာဝရအိမ်က ပါရီမြို့ကြီးရဲ့ လမ်းမတွေအောက်မှာပဲလား။ အမေရိကန်-အင်္ဂလိပ်ရှာဖွေစူးစမ်းအဖွဲ့တစ်ဖွဲ့က လူငယ်တွေ အရင့်အရင်က မတွေ့မကြုံခဲ့ရဖူးသေးတဲ့ အရိုးဝင်္ကပါတစ်ခုကို တွေ့သွားတယ်။ ဒီမြို့တော်ကြီးအတွင်းမှာ တည်ရှိနေတဲ့သေခြင်း၊ ပုန်းကွယ်မှောင်မိုက်နေခဲ့တဲ့ လှို့ဝှက်ချက်ကိုဖော်ထုတ်မိလျက်သားဖြစ်ခဲ့ရပြီ။ ၁၇၈၅ ခုနှစ်ကတည်ဆောက်ခဲ့သတဲ့။ ကမ္ဘာ့အကြီးဆုံးဂူသချုႋင်းတစ်ခုမှာ မမျှော်လင့်ဘဲ တွေ့ခဲ့ရတဲ့စန္ဒရားအို၊ ရုတ်တရက်ထွက်ပေါ်လာတဲ့ လှို့ဝှက်တံခါး၊ အဲဒီတံခါးပွင့်သွားခဲ့တာနဲ့ပဲ။ ချောက်ချားစရာ အတိတ်တွေ ရုန်းကြွတွန်းကန်လာတော့တယ်။ Mad Men သရုပ်ဆောင် Ben Feldman ၊ The Purge: Anarchy သရုပ်ဆောင် Edwin Hodge နဲ့ The Invisible Woman က သရုပ်ဆောင်မိန်းကလေး Perdita Weeks တို့ ပါဝင်ထားကြတယ်။ ထိတ်လန့်သည်းဖိုရုပ်ရှင်နှစ်သက်ကြသူတွေအတွက်တော့ စိတ်ဝင်စားစရာရုပ်ရှင်ဖြစ်နေမှာပါ။ As Above, so below ရဲ့ ရုပ်ရှင်ပိုစတာမှာပဲ ဆွဲဆောင်မှုအားကြီးနေတော့ စောင့်ကြည့်ရမယ့်ရုပ်ရှင်ဖြစ်နေပါလိမ့်မယ်။ “The only way out is down” တဲ့။ (ရုပ်ရှင်အညွှန်းကို myworld-phyophyo မှကူးယူဖော်ပြပါသည်။)