Movie Name
Horror Story (2013)
Year
2013
Generes
Horror, Thriller
Code
01165
Type
Movie
Size
527 MB
Country
Bollywood
Description
ဒီရုပ်ရှင်ကားကို မကြည့်ခင် Facebook မှာ ပြီးတဲ့အပတ်က ပြန့်ခဲ့တဲ့ ရှုတင်ရိုက်ကွင်းမှ သရဲပူးတဲ့ အိမ် ဆိုပြီး ပိုစ်ကို တွေ့ခဲ့ပါတယ် အဲ့ဒါနဲ့ သူငယ်ချင်းတစ်ယောက်က အဲ့ဒီရုပ်ရှင်ဇတ်လမ်းလိုပဲ India Horror တစ်ကားရှိတယ် တော်တော်ကောင်းတယ်ဆိုလို့ ရှာကြည့်ခဲ့ပြီး ဇတ်လမ်း ဇတ်ကွက်တွေက ကောင်းပြီး IMDb 5/10 ထိ ရထားတာကို တွေ့ရပါတယ် ဇတ်လမ်းပုံစံကတော့ ကျောင်းပြီးသွားတဲ့ သူငယ်ချင်းတစ်စု ဟာ လုပ်ငန်းခွင် ဝင်သူ ဝင်ကြဖို့ နဲ့ ပြည်ပ ကို့ ထွက်ခွာဖို့ နောက်ဆုံး နှုတ်ဆက်တွေ့ဆုံပွဲ လုပ်တဲ့ နိုက်ကလပ် ပါတီ တစ်ခုကနေ စပါတယ် သူငယ်ချင်း ၇ ယောက်ဟာ ရှေးဟောင်းနှောင်းဖြစ်ပြောလိုက် အရက်တွေ သောက်လိုက်ကြ နဲ့ အတော် သန်းခေါက်နက်ခဲ့ပါတယ် အဲ့ဒီအချိန်မှာပဲ နိုက်ကလပ်က တီဗီ မှာ လူတိုင်း သက်သေ ကြ သေဆုံးကြလွန်းလို့ ပိတ်ထားရတဲ့ ဟိုတယ် အခန်း တစ်ခုအကြောင်း သတင်း လာနေတာကို ကြားသွားကြပြီး နောက်ဆုံး နှုတ်ဆက် အမှတ်တရ အနေနဲ့ စိတ်လှုပ်ရှားပြီး ဟာသ ဖြစ်အောင် အဲ့ဒီ ဟိုတယ်ထဲ သွားလည်ကြဖို့ သူငယ်ချင်း တစ်စု ဆုံးဖြတ်လိုက်ကြပါတယ် အုပ်စု ထဲမှ သူငယ်ချင်း Neel ရဲ့ နိုင်ငံခြား သွားမယ့် ခရီးအတွက် နောက်ဆုံး အကောင်းဆုံး အမှတ်တရ ဖန်တီးဖို့ ပျော်ရွှင်စွာ ဟိုတယ်ဝင်းထဲကို ဝင်ခဲ့ပေမယ့် တံခါးတွေက အလုံ ပိတ်ထားခဲ့လို့ စိတ်ပျက်ပြီး ပြန်လှည့်အထွက်မှာ အထဲမှ ရေဒီယို အသံကြားလို့ လူတစ်ယောက်ယောက်တော့ ရှိရမယ် ဒါချောက်လှန့်တာ သက်သက်ပဲ ဆိုပြီး မပြန်ဖြစ်ကြပဲ နောက်ပေါက်ကနေ မရမက သူငယ်ချင်းတစ်စု ခိုးဝင်ခဲ့ကြပြီး အသံကြားရတဲ့ ရေဒီယို ကို ရှာတွေ့ခဲ့ပါတယ် ဒါပေမယ့် အဲ့ဒီ ရေဒီယိုက ဖုန်တွေ အလိမ်းလိမ်းတက်နေခဲ့ပြီး လူသူ အရိပ်အယောင်ကို သူတို့ လုံးဝ မမြင်တွေ့ရတဲ့ အတွက် တစ်ခြားအခန်းတွေကို ရှေ့ဆက်ပြီး ရှာတဲ့အခါမှာတော့ သူတို့ ရှာနေခဲ့တဲ့ လူတစ်ယောက်ယောက်ကို တွေ့ကြမလား ဒါမှမဟုတ် ကံကြမ္မာဆိုး တစ်ခုကို လက်ယပ် ခေါ်မိကြသလား ဆိုတာကိုတော့ Channel Myanmar Fan တွေ ဆက်ကြည့်လိုက်ကြပါ ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ CM Translator တစ်ဦးဖြစ်သူ Mie Mie ပဲ ဖြစ်ပါတယ်