-
Movie Name
-
Thirst (2009)
-
Year
-
2009
-
Generes
-
Drama, Horror, Thriller
-
Code
-
01190
-
Type
-
Movie
-
Size
-
952 MB
-
Country
-
Korea
-
Description
-
IMDb Rating 7.2 ထိ ရရှိထားတဲ့ ကိုရီယားသွေးစုတ်ဖုတ်ကောင်ကားအလန်းစားလေးနဲ့မိတ်ဆက်ပေးပါရစေ။
Park Chan-wook ရဲ့ ဇာတ်ကားလို့ ဆိုလိုက်တာနဲ့ ကိုရီယားရုပ်ရှင်ပရိသတ်တွေ ချက်ချင်း တန်းကြည့်ချင်စိတ် ဖြစ်သွားမှာအမှန်ပါ။
သမားရိုးကျ ဇာတ်အိမ်တွေကနေ ခွဲထွက်ပြီး ရိုက်ကူးလေ့ရှိတဲ့ သူ့ဇာတ်လမ်းတွေက တကားကို ရသတစ်မျို းစီပေးစွမ်းနိုင်တာ အသေအချာပါပဲ။
လူအများစု မခံစားရဲတဲ့ ရှောင်ကျဉ်လေ့ရှိတဲ့ ရောဂါဝေဒနာ ခံစားမှု ။
စိတ်ဝေဒနာခံစားမှု ။
မှားယွင်းနေကြတဲ့ လိင်စိတ်ပူးကပ်နေမှု တွေကို သူ့ရုပ်ရှင်အများစုမှာ တွေ့ရပါလိမ့်မယ်။
အဲဒီ စက်ဆုပ်ဖွယ်ပြသာနာတွေကို လှပတဲ့ ရိုက်ချက်တွေ။သာယာညိမ့်ညောင်းလှတဲ့ နောက်ခံ တေးဂီတတွေနဲ့ ပေါင်းစပ်ပြလေ့ရှိပါတယ်။
အပြာဇာတ်အိမ်တွေကို ခံစားနေကြမရှိတဲ့ ရုပ်ရှင်ပရိသတ်တွေအတွက်တော့ အနည်းငယ် နားလည်ရခက်နိုင်ပါတယ်။
အဲဒီလို ဖန်တီးတင်ဆက်နိုင်မှု ကပင် သူ့ရဲ့ မှော်ဆန်တဲ့ ပါရမီတွေပါပဲ။
ပရိသတ်နောက်မလိုက်တဲ့ တင်ပြချက်တွေ။
mmbus
ဇာတ်လမ်းမဆန်တဲ့ ဇာတ်အိမ်ဖွဲ့မှု တွေကို အသစ်တစ်ခုအနေနဲ့ တွေ့ကြရပါလိမ့်မယ်။
ဆန်းပြားလှတဲ့ လက်တွေ့လောကမှာ လက်ခံနိုင်ဘွယ်ရာ မရှိတဲ့အရာတွေကိုလည်း လှပတဲ့အဖြစ်အပျက်ကလေးတွေနဲ့ ပေါင်းစပ်ထားတာတွေ။
အနုပညာဟာ ။ဘောင်မရှိ။အကန့်အသတ်မရှိ။ဟန်ချက်ညီမျှမှု။လူသားဆန်မှု ။လူသားမဆန်မှု ။စံပြဖြစ်စေမှု ။မဖြစ်စေမှု ။ဘာသာတရားရဲ့အလိုဆန္နအတိုင်း ဖြစ်တည်မှု ရှိမှု ။မရှိမှု ။သိမှု ။မသိမှု ။
ကမ်းပေါ်မှာ ဒီရေတွေတက်ပြီး နောက်ကို ပြန်ခေါက်သွားခဲ့ရင် သဲပွင့်ကလေးတွေ ကျန်ခဲ့မယ်။ေ
ရစိုစွတ်လူးသွားတဲ့သောင်ပြင်က ပါးမို့မို့ထက်က လိမ်းကျံသွေ့ခြောက်စ သနပ်ခါးကွက်ကလေးလို ပွအယောင်းဖြစ်နေလိမ့်မယ်။
ဒါထက်ပို၍ ။နေရောင်ကြောင့် ပြက်ခနဲ လက်တဲ့ စိန်ပွင့်ကလေးလို အကွက်အကွက်ကလေးတွေထနေတာတွေ။
သူ့ရဲ့ရုပ်ရှင်ထဲမှာ အလိုလိုတွေ့နေရလိမ့်မယ်။
စိမ်းမြနေရာကနေ ပေါက်ကွဲအသွင်ပြောင်းသွားတဲ့ မီးတောင်တွေကိုလည်း မြင်ရလိမ့်မယ်။
အဆုံးသတ်နေရာညွှန်းထားပေမယ့် လမ်းမအဆုံးမှာ ဘာမှမဆိုင်တဲ့ အစကိုပြန်ရောက်သွားရတဲ့ အဖြစ်အပျက်မျို းကိုလည်း ကျွန်တော်တို့ကြုံ ရပါလိမ့်မယ်။
ဘီစကွတ်မုန့်ဘူးထဲက သင်းအီတဲ့ ဂျုံ မှု န့်အနံ့အသက်တွေ ထွက်လာပေမယ့် ထုတ်ကြည့်လိုက်တဲ့အခါ သွေးညှီနံ့သင်းနေတဲ့ နှု တ်ခမ်းတွေကိုလည်း မြင်ချင်မြင်ရလိမ့်မယ်။
အဲဒီလို မရေရာမှု တွေကို လှလှပပ ခံစားခွင့်ရတာ သူ့ဇာတ်ကားကပေးတဲ့ အနုပညာ လှိုင်းတံပိုးပဲ။
တိတ်ဆိတ်တဲ့ညတွေအထိတောင် ရယ်သံ။အော်သံ။တယောသံတွေနဲ့ ဆွတ်ပျံ့စေခဲ့တာ ။ကြေကွဲစွာ ရယ်မောတတ်စေခဲ့တာ။ရယ်မောရင်းနဲ့ပဲ မျက်ရည်တွေက တိမ်စိုင်တွေအဖြစ် လှပသွားနိုင်ခဲ့တာတွေ ။
Thirst ထဲက ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ သူက (သူလို့ပဲနာမ်စားသုံးပါရစေ)ဘုရားသာသနာတော်ကို
ထမ်းရွက်နေတဲ့သူတစ်ဦးပီပီ လောကကြီးတစ်ခုလုံး လှပအေးချမ်းစေချင်တာ သူ့ဆန္နပါ။
ဒါက လူဖြစ်ရတဲ့အခိုက်အတန့် လူ့ဖြစ်တည်မှု ကပေးတဲ့ စိတ်ခန္ဓာ ပေါင်းစပ်ထားသိုမှု မှာ အဓိပ္ပါယ်ပြည့်ဝလွန်းတဲ့ ထိုက်တန်တဲ့ လိုအပ်ချက်များစွာနဲ့ အတိဒုက္ခရောက်နေကြတဲ့ သတ္တဝါတွေအပေါ်ကို ကိုယ့်ဖြစ်တည်မှု ခန္ဓာအား ပေးဆပ်အနစ်နာခံရခြင်းက သက်ရှိဘဝမှာတင် ကံထူးစွာရရှိခဲ့တဲ့ နိဗ္ဗာန် ။ကောင်းချီးသြဘာတစ်ခုအဖြစ် သူခံယူထားခဲ့ပါတယ်။
နောက်ထပ် နောက်ထပ် ဘာမှမလိုတော့ပါဘူး ။
ဘာမှမလိုချင်တော့ပါဘူး။
သေခါနီးလူနာတွေအပေါ် စိတ်သာယာမှု ကလေးဖြစ်အောင် ဘုရားရဲ့ဒေသနာတော်တွေနဲ့ နှစ်သိမ့်မယ်။
ဗိုင်းရပ်စ်တွေကြောင့် သေဆုံးနေရတဲ့ လူတွေအတွက် ကောက်ရိုးတစ်မျှင် နွယ်တစ်ပင်ပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ကူညီပေးမယ်။
သိပ်ကိုအဓိပ္ပါယ်ရှိတဲ့ ဘဝဖြစ်တည်မှု ပေပဲ။
ဖြေဆေးမရှိတဲ့ ရောဂါတစ်ခုအတွက် စမ်းသပ်ဖို့ သူခန္ဓာကိုယ်အား ပေးအပ်ခဲ့တယ်။
အဲဒီအခါမှပဲ လောကကြီးထဲက ချဉ်ခြင်းတက်လွန်းတဲ့ လိုချင်ဆန္နတွေက ယခင်ကပြည့်စုံပြီထင်ထားတဲ့ ကောင်းမြတ်မှု တွေထက် အများကြီး ပိုလွန်ကြောင်း နက်နဲလာကြောင်း သူသိလာခဲ့ရပါတော့တယ်။
သူဟာ အဲဒီရောဂါကို ပထမဆုံး ကာကွယ်နိုင်သူတစ်ဦးဖြစ်လာခဲ့ပေမယ့် စမ်းသပ်မှုကနေ Vampire ဗိုင်းရပ်စ်တွေ သူ့အထဲကို ရောက်လာတော့တာပဲ။
သွေးတွေလိုအပ်လာပြီဆို မခံမရပ်နိုင်အောင် ခန္နာဟာ ပူလောင်လာတယ်။
အဖုအပိန့်တွေ ထွက်ပေါ်လာတယ်။
ဒွါရပေါက်တွေကနေ သွေးတွေ ယိုစီးလာတယ်။
ဘုရားသခင်ရဲ့ နတ်ဆိုးက တမင်ပဲကျီစယ်လေရော့သလား။လောကကောင်းကျို းကို ထမ်းပိုးနေတဲ့ ဘုန်းတော်ကြီးကိုမှ သူရဲ့သွေးတွေ ထည့်ပေးသတဲ့။
လူသားတွေ စက်ဆုပ်တဲ့ ဆာလောင်ခြင်း ရက်စက်ခြင်းတွေနဲ့ သူ့ရဲ့ တရားဓမ္မတွေကို အသာလေး အနိုင်ယူလိုက်ပါသတဲ့။
ဘုရားရှင်တွေရဲ့ တရားတွေဟာ အမှောင်ရဲ့အာနိသင်ကို ကြောက်လန့်စေရောသလားကွယ်။
ထိုအခါကျမှ သူ့ဘဝက လှပသလားလို့တောင် သူ စဉ်းစားမိပါသေးတယ်။
ခုဆို ကြည့်လေ။
သွေးတစ်စက်အတွက် ပျာယာခတ်နေရပြီ။
ဘောင်ခတ်ထားတဲ့ သီလတွေကြားထဲကနေ ဆေးရုံက ကိုမာ(Coma)ဖြစ်နေသူတွေရဲ့ သွေးတွေကို ခိုးကြောင် ခိုးဝှက်လိုက်စုပ်နေရပြီ။
သွေးအားတွေများပြည့်သွားပြီဆို အပေါ်ခုန်ရပျံရတာပျော်စရာ။
ဆင်ခြင်ဉာဏ်အမျိ ု းမျို းနဲ့ သွေးစုပ်ဗိုင်းရပ်ရဲ့ နှိပ်စက်မှု ဒဏ်ကို ခံနိုင်ခဲ့ပေမယ့် အဲဒီအရာထက် ဆိုးတဲ့ ရောဂါတစ်မျို းက အပေါ်ယံအလွှာတွေ။မာထည်လှတဲ့ ကိုယ်ကျင့်တရားတွေကို ဖြတ်ကျော်ပြီး နှလုံးသားအတွင်းသားဆီကို ဝင်ရောက်လာပါတော့တယ်။အဲဒါအချစ်ပါပဲ။
လေတွေတိုက်ခတ်တာ ပြင်းထန်ပါတယ်ဆိုမှ နှင်းခဲတွေက နောက်ကလိုက်ပါလာတာ ပိုဆိုးသွား ဆိုသလိုပေါ့။
အဲဒီကာလမှာ သူ့တရားဓမ္မကို ကြည်ညို တဲ့ မိသားစုထဲက မိန်းမကြီးရဲ့ ချွေးမကလေးပေါ် မေတ္တာသက်ဝင်သွားမိတာ သူ့ရဲ့ထားရှိရမယ့် ကိုယ်ကျင့်တရားတွေ လုံးဝ လုံးဝ ပျက်သုဉ်းသွားတော့တာပဲ။
အမြဲတမ်းအဆုတ်ရောဂါရနေပြီး နှာစေးနေတဲ့ ဆွေမျို းမကင်းတဲ့ ယောကျ်ားနဲ့ သည်းခံပေါင်းဖက်နေရပြီး ထည်ဝါလွန်းမောက်မာလွန်းတဲ့ အဒေါ်ဝမ်းကွဲ ယောက္ခမကြီးအောက်မှာ နေရတဲ့ သူမဘဝက မိန်းမတစ်ယောက်ရဲ့ ရှိရမယ့် လိုအပ်ချက်တွေဖြစ်တဲ့ အလှအပ။တန်းတူထားခြင်း။လူရာသွင်းခြင်း။ဂရုစိုက် ကြင်နာမှု ပြု ခြင်း။စိတ်လှု ပ်ရှားဖွယ် ဖန်တီးမှု ပေးစွမ်းပေးခြင်း။မွေ့လျော်ဖို့ကောင်းတဲ့ လိင်ခြင်းနှီးနှောဖလှယ်မှု တွေ ပျောက်ဆုံးနေရရှာတဲ့ လှတပတကောင်မကလေးအပေါ်။အဲဒီကောင်မလေး ခလေးမလေးရဲ့ သူ့အပေါ် ပြဆိုချဉ်းကပ်လာတဲ့ ရမ္မက်နဲ့ဆိုင်တဲ့ ကောက်ကြောင်းအနံ့အသက်ကလေးတွေကို နှစ်ခြို က်သနားဂရုဏာပြု မိတဲ့အချိန်မှာတော့။
သူ့ဘဝက အခုမှ အဓိပ္ပါယ်ရှာနေဆဲသာ ဖြစ်ကြောင်း သိလာရပါတော့တယ်။
ဘာတွေဖြစ်မလဲ။ဘယ်လိုပြီးဆုံးသွားမလဲ။
အထက်ကပြောခဲ့တဲ့အတိုင်း ဒါရိုက်တာကြီး Park Chan-wook ရဲ့လက်ရာဖြစ်သည်နဲ့အညီ ကိုယ်စဉ်းစားသလို ဖြစ်မလာမှာ သေချာသလို။
ကြမ်းရှတဲ့ ဇာတ်အိမ်အပေါ် ဘယ်ကဲ့သို့သော လှပလှတဲ့ အနုပညာဖန်တီးမှု တွေ ထွင်းဖောက် လိမ်းကျံပေးသလဲဆိုတာတော့ ။
ကြည့်ပြီးမှပဲ သိနိုင်ပါလိမ့်မယ်။
#Nyilinneain
18+ အခန်းတွေသောက်သောက်လဲပါတာကြောင့်မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူး။