-
Movie Name
-
Legend Of Awakening (လွတ်မြောက်နိုးထမဟာလမ်းပထမ)
-
Year
-
2020
-
Generes
-
Action, Drama, Fantasy, Historical
-
Code
-
SC0044
-
Type
-
Series
-
Size
-
11.6 GB
-
Country
-
China
-
Description
-
အကျဉ်း Legend of Awakening လွတ်မြောက်နိုးထ မဟာလမ်းမ ဒီတစ်ခါတော့ လူကြိုက်များ ပရိတ်သတ်တွေစောင့်စားနေတဲ့ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်။ မင်းသား မင်းသမီးတွေကတော့ အားလုံးသိနေပြီမို့ အထွေအထူးပြောစရာမလိုတော့ပါဘူး။ Soulkingdom ကနေအပတ်စဉ်ဘာသာပြန်တက်ဆက်ပေးသွားမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ တရုတ်ပြည်ရဲ့ ခေတ်ကြီးခြောက်ခေတ် Six dynasties (220-589) ရဲ့နှောင်းပိုင်းကာလမှာ မြောက်ပိုင်းပြည်ထောင်စုကာလနဲ့ တောင်ပိုင်းပြည်ထောင်စုကာလ (386-589)ဆိုပြီး နယ်မြေပိုင်းခြားကာလကြီးတစ်ခု ဖြစ်ပေါ်လာခဲ့တယ်။ မြောက်ပိုင်းဒေသနဲ့ တောင်ပိုင်းဒေသ ကာလကြီးနှစ်ခုမှာ သားရဲတိရစ္ဆာန်တွေသောင်းကျန်းလွန်းကြတာကြောင့် လူတွေဟာ ကိုယ့်ရဲ့အသက်အတွက် ကိုယ်ကိုယ်တိုင်ပဲ ကာကွယ်ခဲ့ကြရတယ်။ ထိုခေတ်ကာလ အခြေအနေကြီးမှာ မွေးဖွားခဲ့တဲ့သူတွေထဲမှာ Lu Ping နဲ့ Su Tang လည်းအပါအ၀င်ပေါ့။ ကံဆိုးစွာနဲ့ မိဘတွေဆုံးပါးမှုကြောင့် မိဘမဲ့တွေဖြစ်ခဲ့ကြရတယ်။ သူတို့နှစ်ယောက်ကို Zhaifeng သိုင်းပညာသင် ကျောင်းက မွေးစားလိုက်ပြီး ထိုကျောင်းက Mo Lin နဲ့ Yan Xi Fan တို့နဲ့သူငယ်ချင်းဖြစ်လာခဲ့တယ်။ သူတို့ ၄ ယောက်ဟာ သိုင်းပညာသင်ကျောင်းမှာအတူတူတက်ခဲ့ကြပြီး လောကကြီးအပြင်ကိုထွက်ကြည့်တဲ့အခါ သူတို့ထင်ထားသလိုမဟုတ်ပဲ ခေတ်ဆိုးကြီးတစ်ခုကိုကြုံနေရမှန်း သိခဲ့ကြပါတော့တယ်။ ဒီလိုနဲ့ပဲ သူတို့တွေ အဲ့အချိန်ကာလတစ်ခုကို ရင်ဆိုင်ရင်း မထင်မှတ်ထားတဲ့အပြောင်းအလဲကြီးတစ်ခုကို လုပ်ဆောင်ဖို့ အတူတူကြံစည် လုပ်ဆောင်ကြတဲ့အခါ.... ဒီဇာတ်ကားလေးကို Soul က တင်ဆက်ပေးမှာဖြစ်ပြီး စွန့်စားခန်းတွေ ပြီးတော့ သိုင်းပညာ မှော်ပညာတွေပါသင်ရမှာဆိုတော့ စိတ်၀င်စားဖို့ကောင်းနေပြီနော်။ အပိုင်းက လည်း ၄၈ ပိုင်းတောင်ပါမှာဆိုတော့ တစ်ဝြကီး ကြည့်ရမှာနော်။ ကဲကဲ ညွှန်းမနေတော့ဘူး ကိုယ်တိုင်သာ ကြည့်ရှုခံစားလိုက်ပါတော့။