-
Movie Name
-
Love Actually (ကမ္ဘာတည်မဲ့ချစ်ခြင်းတရား)
-
Year
-
2019
-
Generes
-
Comedy, Drama
-
Code
-
SC0047
-
Type
-
Series
-
Size
-
8.80 GB
-
Country
-
China
-
Description
-
စာတန်းထိုးလေထွက်လာပြီး လန်ကျန့် လေကား 😊 ၂၀၁၇ ကထွက်ရှိထားတဲ့ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ အချစ်ရေး..အိမ်ထောင်ရေး..စီးပွားရေး.. မိသားစုရေး..စတာတွေကိုပျင်းစရာမကောင်းပဲ ဟာသအနှောလေးနဲ့မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရမယ့်ကားလေးကို KN ကနေ "ကမ္ဘာတည်မယ့် ချစ်ခြင်းတရား " အဖြစ်နဲ့ပရိတ်သတ်လက်ထဲကိုအရောက်ပို့ပေးတော့မှာပဲဖြစ်ပါတယ်။(ကွန်မန့် 20k ပြည့်ရင်ပေါ့😝) ယူတို့ကိုပိုပြီး မြိုင်ဆိုင်စေမယ့်သူလေးလည်း ဒီဇာတ်လမ်းတွဲမှာပါဝင်နေပါသေးတယ်နော် 😜 ဟုတ်ကဲ့! ဝမ်ရိပေါ်(လန်ကျန့်) ပါပဲ။ ဒီကားမှာအဓိကမင်းသား/မင်းသမီးတွေက.. Tong Da Wei , Joe Chen နဲ့ ယူတို့ရဲ့အချစ်တော် Wang Yi Bo တို့ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကဒီလို.. .. ~တင်းရန်ကျန်း (Tong Da Wei)ကအိုင်တီပညာရှင်တစ်ယောက်ပါ။ သူ့မှာ အလုပ်ကအနားယူပြီးဖြစ်တဲ့ အဖေ ရယ် လှပတဲ့ဇနီး နဲ့ သားလေးတစ်ယောက်လည်းရှိပါတယ်။ ~ကျိုက်ကျီးဝေ (Wang Yi Bo)ကထက်မြက်ပြီးငယ်ရွယ်တဲ့စီအီးအိုတစ်ယောက်..သူ့မှာချမ်းသာတဲ့အဖေရှိသလို..သူကိုယ်တိုင်လည်း အရည်အချင်းရှိပြီး ငယ်ရွယ်ချောမောတဲ့လူငယ်အိုင်တီပညာရှင်တစ်ယောက်ဖြစ်တယ်။ ဤကဲ့သို့ အထက်ပါအရည်အချင်းများကြောင့်သူဟာ ဘဝင်မြင့်တဲ့လူငယ်လေးပေါ့.. ~အန်းချင်းဟွမ် (Joe Chen) ကအလုပ်ကိုအရမ်းရူးသွပ်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အရမ်းအရည်အချင်းရှိပါတယ်။ ချောမောလှပပြီးမဟုတ်မခံတဲ့မမပေါ့.. ~သူတို့သုံးယောက်လုံးဟာ မတူညီတဲ့ဖြစ်ရပ်ကိုယ်စီနဲ့ ကတောက်ကဆလေးတွေကြားထဲက တစ်ယောက်နဲ့တစ်ယောက် စဆုံတွေ့ကြတာပါ။ ~သူတို့တွေဟာ အစပထမကတော့ မတူညီတဲ့အလုပ်ကိုယ်စီကဖြစ်ပေမယ့်လည်း နောက်အကြောင်းကြောင်းကြောင့် အလုပ်အတူတူတွဲလုပ်လာကြရတဲ့အခါ... ~ မတူညီတဲ့အသိုင်းအဝိုင်း..မိသားစုအခြေအနေ..ကွဲပြားတဲ့ခံယူချက်တွေနဲ့သူတို့.. ~သူတို့တွေ ဘယ်လိုလက်တွဲလုပ်ဆောင်ကြမှာလဲ? ~ကတောက်ကဆတွေကြားထဲက ဘယ်လိုအချစ်မျိုးတွေရှင်သန်ပေါက်ဖွားလာမလဲ? ~အရာရာအားလုံးကျော်လွှားနိုင်ကြမှာလား?..ဆိုတာကတော့.. ဒီဇာတ်လမ်းတွဲထဲမှာပဲဆက်လက်ရှူစားကြပါလို့... *ယူတို့ရဲ့ မျက်နှာသေလန်ကျန့် ကို ဒီဇာတ်လမ်းတွဲထဲမှာတော့ လုံးဝကွဲပြားတဲ့ ချစ်စရာဇာတ်ရုပ်လေးနဲ့တွေ့မြင်ရမှာမို့.. *လန်ကျန့် ကိုတစ်ချိန်လုံးပြုံးရယ်ဖို့တောင့်တနေတဲ့ နှုတ်ခမ်းနီမလးတွေမပျက်မကွက်ဝန်းရံသင့်တဲ့ဇာတ်လမ်းတွဲလေးဖြစ်ကြောင်း အက်မင်ကအားလုံးကို လက်တို့လိုက်ရပါတယ်နော်...(သူ့အပြုံးမှာကြွေကုန်ရင်တော့ ကိုယ့်တာဝန်မပါဘူးနော်လို့..) #လန်ကျန့်ကတော်.. မှစေတနာဗရပွဖြင့်ရေးသားသည်။