Movie Name
Bullies 3 (2019)
Year
2019
Generes
Action
Code
04437
Type
Movie
Size
869 MB
Country
Korea
Description
2019ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီကျောင်းသားလူမိုက်ကားလေးက Action ကားကြိုက်တဲ့သူတွေအတွက် ကြည့်ပျော်မယ့်ဇာတ်ကားလေးတစ်ကားလဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကိုပြောပြရရင် ငယ်ငယ်တုန်းကကျောင်းသားဘဝမှာ လူငယ်ယောကျာ်းလေးတော်တော်များက ရန်ဖြစ်ဖူးကြမယ်ထင်ပါတယ်။ အဲ့လိုပဲ ဒီဇာတ်ကားလေးထဲမှာ ယောင်းအွန်းဆိုတဲ့ ကျောင်းသားဟာ ဆောင်းဆူဒုန်းအထက်ကျောင်းမှာတော့ ရန်ဖြစ်တဲ့နေရာမှာ အားလုံးကိုအနိုင်ယူထိုးကြိတ်နိုင်ခဲ့လ ဆရာလို့ပြောလို့ရပါတယ်။ သူဒီလို တိုက်တာခိုက်တာတော်လို့ မျက်စိကျသွားတဲ့ ကျောင်းသားလူမိုက်အဖွဲ့က ယောင်းအွန်းကို သူတို့အဖွဲ့ထဲဝင်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ ယောင်းအွန်းကဆိုးတယ် မိုက်တယ် ဒါပေမယ့် မယုတ်မာဖူး။ မညစ်ပတ်ဖူးဆိုတဲ့ကျောင်းသားမျိုးဖြစ်တာကြောင့် ဒီကမ်းလှမ်းချက်ကိုငြင်းပယ်ခဲ့ပါတယ်။ အဲ့နောက်မှာ ဘယ်လိုတွေဆက်ဖြစ်လာမယ်ဆိုတာပဲ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြပါ။ ကျောင်းသား လူငယ် Action ကားလေးလဲဖြစ်လို့ အတိုက်အခိုက်လေးတွေနဲ့ ကြည့်လို့လည်း ကောင်းသလို လူငယ်သဘာဝကိုလည်းပြန်ခံစားနိုင်လို့ စိတ်ကျေနပ်မှုရမယ်လို့ထင်ပါတယ်