Movie Name
Love And Destiny
Year
2019
Generes
Drama, Fantasy, Historical, Romance
Code
SC0048
Type
Series
Size
38.7 GB
Country
China
Description
Love & Destiny (2019)💖 TYMMtv Chinese ပရိသတ်များကို အမြဲခေတ်ကားတွေနဲ့တင်ဆက်ပေးနေတော့ ဒီ တခါ Fantasy - Xian Xia အမျိုးအစား ဇာတ်လမ်းတွဲ ကားလေးတကား တင်ဆက်ပေးပါမယ် ဒီကလူတွေ အကြိုက်တွေ့ကြမယ့် ဇာတ်လမ်းကျောရိုးနဲ့ မင်းသားနဲ့ မင်းသမီးကလည်း Chang Chen နဲ့ Ni Ni တဲ့ စစ်နတ်ဘုရားများတိုက်ပွဲ ဒါမှမဟုတ် သုံးဘဝသုံးကမ္ဘာ ပရိသတ်တွေနဲ့ ရင်းနှီးနေမယ့် အပြင်အဆင် အငွေ့အသက်တွေ ဖြစ်နေလို့ မအံ့သြလိုက်ပါနဲ့ ဒီ Love and Destiny ကားက Eternal Love ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ထုပ်လုပ်ရေးအဖွဲ့ကပဲ တာဝန်ယူ ရိုက်ကူးတာပါ ဒါကြောင့် ဆယ်မိုင်မက်မွန်တောကို လွမ်းသွားစေမယ့် ပုံရိပ်တွေကို မြင်နေရတာပါ🌸 ဇာတ်လမ်းအကျဉ်း..... လောကတစ်ခွင်မှာ သောင်းကျန်းနေတဲ့ မိစ္ဆာဘုရင်ကို ပိတ်လှောင်ထားဖို့ ကြိုးစားရာကနေ စစ်နတ်ဘုရား Jiu Chen (Chang Chen) ဟာ နတ်ပေါင်း တစ်သောင်းတိုင်အောင် သတိမေ့နေခဲ့ပါတယ် တစ်ရက်မှာတော့ အပြစ်ကင်းစင်တဲ့ Ling Xi (Ni Ni) ဆိုတဲ့ မိန်းမငယ်လေးကြောင့် နိုးထလာနိုင်ခဲ့ပြီး Jiu Chen နဲ့ Ling Xi က ချစ်ကျွမ်းဝင်ခဲ့ကြတယ် ဒါပေမဲ့ Ling Xi မှာက မိစ္ဆာဘုရင်ကိုပါ အချုပ်အနှောင်က လွှတ်မြောက်နိုင်တဲ့ အစွမ်းရှိနေတဲ့အခါ Jiu Chen က နောက်ထပ် ဘယ်လို ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့ ရင်ဆိုင်ရမှာလဲ Ling Xi နဲ့ ချစ်ခရီးလမ်းကကော ဖြောင့်ဖြူ းမှာလား သရုပ်ဆောင်များ (Casts) ဒီကားရဲ့ဇာတ်လမ်းအကျဉ်းဖတ်ပြီးချိန်မှာ ကြည့်ခဲ့ဖူးတဲ့ တရုတ်သိုင်းကားတွေကို သတိရသွားကြမှာပဲ ဒါနဲ့တောင် ဒီကားက ဘာဖြစ်လို့ ထူးခြားနေသလဲဆိုတော့ သရုပ်ဆောင်တွေကြောင့်ပါ မင်းသားကော မင်းသမီးကောက ဇာတ်လမ်းတွဲများများစားစား မရိုက်ဖူးကြဘူး Chang Chen ဆိုရင် ဒါက ပထမဆုံး ပွဲဦးထွက် ဇာတ်လမ်းတွဲ Ni Ni အတွက်တော့ The Rise of Phoenixes ပြီးနောက် ဒုတိယမြောက် ဇာတ်လမ်းတွဲ ဒါပေမဲ့ ဒီ ၂ ယောက်က ရုပ်ရှင်လောကမှာ ထိတ်ထိတ်ကြဲထဲပါပါတယ် သာမန် နာမည်ကြီးရုံလောက် မဟုတ်ဘူး အနုပညာ အရည်အသွေးအတွက်ပါ အသိအမှတ်ပြုခံရတာပါ မင်းသမီး Ni Ni ကိုက တကူးတက မိတ်ဆက်ပေးစရာ မလိုပေမယ့် မင်းသား Chang Chen ကို မသိသေးတဲ့လူတွေအတွက်ဆိုရင် ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ Crouching Tiger, Hidden Dragon ကားမှာ Zhang Zi Yi ရဲ့ချစ်သူ လော်ရှောင်ဟူ နေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသား Chinese Odyssey တို့ Three Times စတဲ့ ဇာတ်ကားတွေမှာလည်း အဓိက သရုပ်ဆောင် အခုလက်ရှိ အရမ်းအောင်မြင်ကျော်ကြားနေတဲ့ နုနုဖတ်ဖတ် မင်းသားတွေထဲ မပါပေမယ့် သူ့ရဲ့ ပထမဆုံး ဇာတ်လမ်းတွဲဆိုတာနဲ့တင် လူပြောများနေတယ်ဆိုကထဲက ခေသူတော့မဟုတ် မင်းသမီး Ni Ni ရဲ့အလှနဲ့ပါ ပေါင်းလိုက်တော့ပြီးပါလေကော ဒီ Fantasy - Xian Xia အမျိုးအစား ဇာတ်လမ်းတွဲက မနှစ်က နှစ်လယ်ကထဲက စတင် ရိုက်ကူးခဲ့ပြီး Eternal Love နဲ့ Lost Love in Times ဇာတ်လမ်းတွဲတို့ရဲ့အဝတ်အစား ဒီဇိုင်နာနဲ့ပဲ ဖြစ်ပါတယ် အပိုင်း ၆၀ ပိုင်းရှိပြီး နောက်ထပ် မက်မွန်မြေက စစ်နတ်ဘုရားနဲ့ နတ်သမီးတို့ရဲ့ချစ်ပုံပြင်တစ်ပုဒ်ဖြစ်တဲ့ Love and Destiny ကို 2019 July 15 မှာ စတင်ထုတ်လွှင့်ပြတာတာဖြစ်ပါတယ်