Movie Name
Wolf Totem (2015)
Year
2015
Generes
Adventure, Drama
Code
04441
Type
Movie
Size
1.08 GB
Country
China
Description
2015 တုန်းက ထွက်ရှိထားတဲ့ Wolf Totem ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားမှာတော့ ၁၉၆၀ ဝန်းကျင်က လွင်ပြင်ဒေသတွေမှာ နေထိုင်တဲ့ မွန်ဂိုလူမျိုးစုတွေရဲ့ နေထိုင်မှု ပုံစံတွေ ရိုးရာယဉ္ကေျးမှုတွေ ကိုးကွယ်မှုတွေကို မြင်တွေနိုင်မှာဖြစ်ပါတယ် ၊ ဒါ့အပြင် ဇာတ်လမ်းမှာ နောက်ထပ်ပြသထားတာက မွန်ဂိုလွင်ပြင်မှာ နေထိုင်ကြတဲ့ ဝံပုလွေတွေ အကြောင်းပဲ ဖြစ်ပါတယ်… ဒီဇာတ်လမ်းမှာ မင်းသားကြီး Feng Shao Feng က ချန်ကျန့်အဖြစ် အဓိက ပါဝင်သရုပ်ဆောင်ထားပြီး လူသားနဲ့ ဝံပုလွေရဲ့ကြားက သံယောဇဉ် မေတ္တာကို ပေါ်လွင်အောင် ဖော်ကျူးထားပါတယ် ။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၆၇ ခုနှစ်မှာ ချန်ကျန့်ဆိုတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဟာ မွန်ဂိုဒေသမှာ ၂ နှစ်ကြာ စာပေသင်ကြားပေးဖို့ စေလွှတ်ခံခဲ့ရပါတယ်… ချန်ကျန့်ဟာ မွန်ဂိုလွင်ပြင်ဒေသမှာနေထိုင်းရင်း ဝံပုလွေတွေရဲ့ သဘာဝကိုလည်း လေ့လာခဲ့ပါတယ် ၊ တစ်နေ့မှာတော့ လောဘကြီးတဲ့ လူတစ်စုကြောင့် ဝံပုလွေအုပ်စုတွေ ဒုက္ခတွေ့ခဲ့ရပါတယ်… ဝံပုလွေသားပေါက်လေးတွေကို သတ်ပစ်ဖို့ အစိုးရက အမိန့်ပေးလိုက်တဲ့အခါမှာ မွန်ဂိုတွေဟာ ဝံပုလွေ သားပေါက်လေးတွေကို သတ်ပစ်ခဲ့ပါတယ် ၊ ဒါပေမယ့် သားပေါက်တွေထဲက တစ်ကောင်ကို ချန်ကျန့်က တိတ်တဆိတ်မွေးမြူထားခဲ့ပါတယ်… ဒါကို အထက်လူကြီးတွေ သိသွားတဲ့အခါမှာ ဘာဆက်ဖြစ်မှာလဲ… ချန်ကျန့်ကရော ဝံပုလွေသားပေါက်လေးကို လွင်ပြင်ဆီပြန်လွှတ်မှာလား… ဝံပုလွေအုပ်စု မျိုးတုံးသတ်ဖြတ်ခံရမှုကို တားဆီးပေးနိုင်မှာလား… ဝံပုလွေအုပ်စုတွေ ဘယ်လို အခက်ခဲတွေနဲ့ ကြုံရမှာလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်….။