Movie Name
Vincent & Theo (1990)
Year
1990
Generes
Biography, Drama
Code
04452
Type
Movie
Size
1.17 GB
Country
Hollywood
Description
Vincent And Theo (1990) ၁၉ရာစုဝန်းကျင်မှာ ပေါ်ပောက်ခဲ့တဲ့ သမိုင်းရဲ့ လူသိအများဆုံး ပန်းချီဆရာ ပန်းချ်ီကို ရူးသွပ်ကြသူတိုင်း ချစ်မြတ်ကြတဲ့ ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုးအ‌ကြောင်းကို တင်ဆက်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေဆိုတာလည်း မနည်းတော့ပါဘူး။ CMမှာတင် လေးငါးကား တင်ဆက်ပြီးပါပြီ… ဗင်းဆင့်ကား အများစုဟာ ဗင်းဆင့်ရဲ့ ဒုက္ခတွေကိုပဲ ပြသွားတာများပေမယ့် ဒီ ကားမှာတော့ (မသေခင်မအောင်မြင်ခဲ့ တစ်ပြားမှမရခဲ့တဲ့ ပန်းချီကားတွေဟာ သေလွန်ဆုံးပါးပြီးတဲ့နောက် တစ်ကား ၆၆သန်းအထိရခဲ့တဲ့ အောင်မြင်မှုရဲ့နောက်ကွယ်က ဗင်းဆင့်အပေါ် ဗင်းဆင့်ရဲ့ညီ သီအိုဗန်ဂိုးရဲ့အနစ်နာခံခဲ့မှုတွေကို ဒီရုပ်ရှင်မှာတော့ သေချာပြသသွားပါတယ်။) “ဘယ်နေရာမဆို တစ်ဖက်စွန်းရောက်ရင် တစ်ယောက်တော့ နစ်နာရစမြဲ”ဆိုတဲ့ စိုင်းခမ်းလိတ်ရဲ့ စာသားကလေးလိုပါပဲ။ အနုပညာကို တစ်ဖက်စွန်းရောက်ရူးသွပ်လွန်းတဲ့ ဗင်းဆင့်အတွက် နစ်နာရတဲ့လူတစ်ယောက်ရှိခဲ့တယ်ဆိုရင် အဲ့ဒီလူက သီအိုပါပဲ။ ဒီကားမှာ ဗင်းဆင့်အကြောင်းပြောရင် မပါမဖြစ်တဲ့လူတွေဖြစ်တဲ့ ပန်းချီဆရာ ပေါဂေါ်ဂင်တို့ ဒေါက်တာဂါးချက်တို့နဲ့ ဗင်းဆင့်ဆက်ဆံရေးကို လက်တွေ့ဆန်ဆန်ပြထားသလို… ဗင်းဆင့်ရဲ့ နာမည်ကျော်အကြောင်းအရာတွေဖြစ်တဲ့ ပြည့်တန်ဆာမကိုကြိုက်တာတွေ နားရွက်ဖြတ်တာတွေ စိတ်ကျန်းမာရေးဆေးရုံသွားရတာတွေကို လက်တွေ့နဲ့ အနီးစပ်ဆုံးပြထားပါသေးတယ်။ သီအိုရဲ့ အလုပ်ဖြစ်တဲ့ ထိုခေတ်ထိုအခါက ပန်းချီကား ရောင်းဝယ်မှုအကြောင်းကိုလည်း မြင်မြင်သာသာပြထားပါတယ်။ သီအိုခံစားခဲ့ရတဲ့ ဝေဒနာတွေကိုလည်း မြင်မြင်သာသာပြထားပါတယ် တစ်ချို့ ရုပ်ရှင်ဝေဖန်ရေးသမားတွေကတော့ ဒီကားဟာ လက်တွေ့အကျဆုံး ဗင်းဆင့်ဘဝကို ပုံဖော်နိုင်တဲ့ကားလို့ဆိုကြပါတယ်။ ဘယ်အတောက်ပဆုံး အိပ်မက်တွေကမှ တစ်ဦးတစ်ယောက်တည်းလောင်ကျွမ်းပြာကျပေးရုံနဲ့ မလုံလောက်ခဲ့ပါဘူး။ ဗန်ဂိုးဆိုတဲ့ အတောက်ပဆုံး ကြယ်တစ်ပွင့်ရဲ့ တောက်ပမှုအတွက် လောင်ကျွမ်းပေးခဲ့ရတဲ့ သီအိုရဲ့ ရင်နာစရာဘဝရဲ့ သူတို့ရဲ့ Brother Hoodကို ခင်းကျင်းပြသပေးထားတဲ့ ဒီရုပ်ရှင်ရဲ့ Imdb ratingကတော့ 7/10 ပါ။