-
Movie Name
-
Mayhem (2017)
-
Year
-
2017
-
Generes
-
Action, Horror
-
Code
-
01235
-
Type
-
Movie
-
Size
-
701 MB
-
Country
-
Hollywood
-
Description
-
ဒီအက်ရှင်ဇာတ်ကြမ်းကားလေးအကြောင်းအစပျိုးရရင်ဇာတ်လမ်းပြေပြေလေးကနေ မထင်ထားလောက်အောင်ကြမ်းရမ်းသွားတယ်ဘာညာပေါ့ဗျာ
ဒါတွေမပြောခင် ID – 7 ဗိုင်းရပ်စ်လေးအကြောင်းအနည်းငယ် intro ဝင်ချင်ပါတယ်
ID-7 ဗိုင်းရပ်စ်ဆိုတာ လူတွေရဲ့စိတ်အာရုံကို ထိန်းချုပ်မှုမဲ့အောင်တဒင်္ဂရူးသွပ်သွားစေတဲ့ဗိုင်းရပ်မျိုးပါ
မီးလောင်ရာလေပင့်ဆိုသလိုပေါ့ဗျာ
ဒေါသနည်းနည်းလေးထွက်လေ့ရှိတာကို ဗိုင်းရပ်စ်ကြောင့့်လူသတ်တဲ့အထိဖြစ်သွားတာမျိုးအစရှိသည်ဖြင့်ဘာညာပေါ့
အညွှန်းကိုပြောရမယ်ဆိုရင်တော့ဖြင့့်TSC ကုမ္ပဏီဆိုတာ လူထုအကျိုးပြုလုပ်ငန်းတစ်ခုပါ
ဘာတွေအကျိုးပြုသလဲလို့မေးရင် နည်းနည်းတော့ဖြေရခက်မယ်ဗျ
အကျိူးဆောင်မှန်သမျှအကုန်လုပ်တယ်ပေါ့ဗျာ
ဒါပေမယ့် အမြတ်ကြီးစားပြီးအကျိုးအမြတ်လောက်ပဲထည့်စဉ်းစားတဲ့သောက်ကျိုးနဲလုပ်ငန်းကြီးဆိုပိုမှန်မယ်ဗျ
အဲ့ဒီကုမ္ပဏီမှာအမြဲတမ်းတစတစအောင်မြင်ဖို့ကြိုးစားနေတဲ့ဒဲလ်ရက်ခ်ဆိုတဲ့အာရှသားတစ်ယောက်ကလည်းနေရာတစ်နေရာရထားတဲ့သူပါ
mmbus
တစ်နေ့မှာ အကျင့်ပျက်မှုကြီးပြည့်နေတဲ့လုပ်ငန်းကို ID – 7 ဗိုင်းရပ်စ်ဆိုတဲ့မိတ်ဆွေကြီးအလည်လာပြီးတဲ့နောက်မှာတော့ဝရုန်းသုန်းကားကိုဖြစ်ကုန်တော့တာပါပဲ
အဲ့ဒါကြောင့့်ဒီကုမ္ပဏီကိုသီးသန့်အဆောက်အဦးအဖြစ်သတ်မှတ်ပြီးကူးစက်ပြန့်ပွားမှုမဖြစ်အောင် ၈နာရီနီးပါးချိတ်ပိတ်ခံခဲ့ရပါတယ်
ဘယ်ပြောကောင်းမလဲဗျာ အထဲကကုမ္ပဏီဝန်ထမ်းတွေရဲ့အချင်းချင်းမကောင်းကြံမှုတွေ သတ်ဖြတ်မှုတွေ ကလည်းဗိုင်းရပ်စ်ပိုးတွန်းအားပေးမှုကြောင့်တစတစဝုန်းဒိုင်းကျဲလာတော့တာပဲ
နောက်ပိုင်းကောဘာဆက်ဖြစ်မလဲ ဒီဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ရတာကပဲအဆိုးထဲကအကောင်းဖြစ်သွားနိုင်မလားဆိုတာကတော့…..
အင်မတန်ကြမ်းရမ်းတာကိုရှုစားရင်းစီးမျောကြမယ်ဗျာ…
(စကားလုံးအသုံးအနှုန်းများအင်မတန်ကြမ်းတမ်းခြင်းကိုသတိပြုပါ)