-
Movie Name
-
A Home With A View (2019)
-
Year
-
2019
-
Generes
-
Comedy, Drama
-
Code
-
04457
-
Type
-
Movie
-
Size
-
809 MB
-
Country
-
China
-
Description
-
ဒီတစ်ခါတော့ ဟာသ ဇာတ်လမ်းလေးတစ်ခု တင်ဆက်ပေးမှာ ဖြစ်ပါတယ်
ဟောင်ကောင်မှာ နေထိုင်တဲ့ သာမန်မိသားစုလေး တစ်စုအကြောင်းပါ ။
မြို့ပြမှာနေထိုင်တဲ့ သာမန်မိသားစုတွေရဲ့ ဘဝကို ဖော်ပြပေးထားတာပါ
သူတို့ မိသားစု ဘာ အခက်အခဲတွေကြုံတွေ့ရလဲ
စိတ်ညစ်စရာတွေ ဘယ်လိုဖြေဖျောက်လဲဆိုတာကို ဟာသအနေနဲ့ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ် ။
ဇာတ်လမ်းအကျဉ်း
လုံဝေ့မန်ဟာ အလုပ်ကြိုးစားတဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ပါ
ဒါပေမယ့် ဘယ်လောက်ကြိုးစားပြီး ပိုက်ဆံရှာပါစေ
သူပေါင်ထားတဲ့ တိုက်ခန်းလေးကို မရွေးနိုင်သေးပဲ အတိုးပေးနိုင်တဲ့ အခြေနေမှာတင်ပဲ ရှိနေခဲ့ပါတယ် ။
သားဖြစ်သူကလည်း အလုပ်အကိုင်မရှိ
သမီးဖြစ်သူကလည်း ကျောင်းတက်နေဆဲဖြစ်ပြီး
အောက်ပိုင်းသေနေတဲ့ လုံဝေ့မန်ရဲ့အဖေကိုတော့ သူ့ရဲ့ဇနီးဖြစ်သူက ပြုစုနေရပါတယ်
ဒါကြောင့် သူတို့မိသားစုဟာ လုံဝေ့မန်တစ်ယောက်တည်းရဲ့ ဝင်ငွေနဲ့ ရပ်တည်နေကြတာပါ ၊
တိုက်ခန်းကျဉ်းထဲမှာ မိသားစု ၅ ယောက်နေကြပြီး
အပေါ်ထပ်နဲ့ ရန်ဖြစ်လိုက် အောက်ထပ်နဲ့ ရန်ဖြစ်လိုက် မိသားစုချင်းရန်ဖြစ်လိုက်နဲ့ အမြဲဖြစ်နေပေမယ့်
အိမ်ပြတင်းပေါက်က လှမ်းကြည့်ရင် မြင်ရတဲ့ပင်လယ်ရှုခင်းကြောင့် အမြဲတမ်း စိတ်အပန်းပြေရပါတယ် ၊
ဒါပေမယ့် သူတို့တိုက်ရှေ့မှာ ကြေငြာဆိုင်းဘုတ်ကြီးတစ်ခု ပိတ်ပြီး ပင်လယ်ရှုခင်းကို မမြင်ရတော့တဲ့အခါ…
သူတို့ ပင်လယ်ရှုခင်းပြန်မြင်ရအောင် ဘယ်လိုတွေ ကြိုးစားကြမလဲဆိုတာ ဟာသနှောပြီးရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ရှုစားကြပါနော်…။