-
Movie Name
-
Battleship (2012)
-
Year
-
2012
-
Generes
-
Action, Adventure, Sci-Fi
-
Code
-
04459
-
Type
-
Movie
-
Size
-
987 MB
-
Country
-
Hollywood
-
Description
-
နာမည်ကျော် အဆိုတော် Rihanna ပါဝင်ထားပြီး John Carter ကားနဲ့ မြန်မာ ပရိတ်သတ်
တွေ အသိများ ခဲ့တဲ့ မင်းသား Taylor Kitsch က ဗိုလ်လေး အဲလက်စ် ဟော်ပါ အဖြစ်
ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဟော်ပါ ကတော့ တကယ်တော့ ပေါက်ကရ နေထိုင်
တက်တဲ့ သူတစ်ယောက်ပါ …တစ်နေ့တော့ သူလည်း ရေတပ်ဗိုလ် ရဲ့ သမီးကို
ကြိုက် မိရာကနေ သူ့အစ်ကို ဖြစ်သူရဲ့ ဆွဲဆောင် မှု့ကြောင့် ရေတပ်ထဲ ဝင်ခဲ့ပြီး
ဗိုလ်လေး ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲ သူလည်း နှစ်စဉ် ကျင်းပနေကျ နိုင်ငံ ပေါင်းစုံ
ရေတပ် လေ့ကျင့်ရေးမှာ ပါဝင်ခဲ့ရပါတယ်။ လေ့ကျင့်နေရင်းကနေ မမျှော်လင့်တဲ့
ယာဉ်ပျံကြီးတွေရောက်လာ ခဲ့ပါတယ်။အဲ့ယာဉ်ပျံတွေဟာ လေ့ကျင့်ရေးရဲ့ အစိတ်
အပိုင်းတစ်ခု မဟုတ်သလို သူတို့ထင်နေသလို မြောက်ကိုးရီးယားဘက်က မဟုတ်ပါဘူး
ထူးဆန်းတာက သူတို့ ယာဉ်တွေ နားမှာ ရေဒါတွေ အလုပ် မလုပ်ပါဘူး အဲ့ယာဉ်တွေကြောင့်ပဲ
အစ်ကို ဖြစ်သူကိုလည်း ဆုံးရှုံးခဲ့ရ ကပ္ပတိန်ကိုလည်း ဆုံးရှုံးခဲ့ရတဲ့ ဟော်ပါတစ်ယောက် သင်္ဘော
တစ်စီး လုံးကို အုပ်ချုပ်ပြီး ဘယ်ကမှန်း မသိတဲ့ ယာဉ်တွေကို ဘယ်လို အနိုင်ယူမလဲ ….?
အဲ့ယာဉ်တွေကကော ဘယ်သူ့လက်ချက်လဲ ဘယ်ကလဲ ဘယ်လိုကြောင့် ရောက်လာတာလဲ…
အစရှိတာတွေအတွက်တော့ ဇာတ်ကားကို သာ ရှု့စားနိုင်ပါကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။