-
Movie Name
-
13 Beloved (2006)
-
Year
-
2006
-
Generes
-
Crime, Horror, Thriller
-
Code
-
01262
-
Type
-
Movie
-
Size
-
0.98 GB
-
Country
-
Hollywood
-
Description
-
IMDb Rating (6.8)
၂၀၀၆ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ထိုင်း Horror ဇာတ်လမ်းတစ်ပုဒ်ပါ။ ထိုင်း Horror ကားတွေရဲ့ထုံးစံအတိုင်း ဟာသလေးနည်းနည်းနှောပြီး ရိုက်ထားပါတယ်။ တခြား ထိုင်း Horror တွေထက် ပိုထူးတာက သရဲကားမဟုတ်သလို လူသတ်ကားစစ်စစ်ကြီးလည်း မဟုတ်ဘဲ ထူးခြားဆန်းကြယ်တဲ့ လက်တွေ့ဂိမ်းကစားပွဲကြီးတစ်ခုကို အခြေခံထားပါတယ်။ ရက်စက်မှုတွေရော လျှို့ဝှက်နက်နဲမှုတွေပါ ပြည့်နေတဲ့ စိတ်ဝင်စားစရာ Reality Game Show တစ်ခုပါ။
ဇာတ်လမ်းမှာ အချစ်ရေးကံမကောင်းခဲ့သလို အကြွေးတွေလည်း ဝိုင်းနေတဲ့ ကုမ္ပဏီအရောင်းဝန်ထမ်း ပူးချစ်ဟာ အလုပ်ကထုတ်ခံလိုက်ရတဲ့အခါ စိတ်ဓာတ်ကျစရာ အဆိုးဆုံး အခြေအနေကို ရောက်ရှိသွားပါတယ်။ အဲဒီအချိန်က အမည်မသိဖုန်းတစ်ခုကို လက်ခံခဲ့ရရှိခဲ့ပြီး သူ့အတွက် ပိုက်ဆံရ အခွင့်အရေးတစ်ခု ရရှိခဲ့ပါတယ်။ အဲဒါကတော့ စိန်ခေါ်မှု ၁၃ ခု ရင်ဆိုင်ကျော်ဖြတ်ရမယ့် လျှို့ဝှက်တဲ့ လက်တွေ့ဘဝဂိမ်းကစားပွဲပါပဲ။
စိန်ခေါ်မှုတစ်ခုအောင်မြင်တိုင်း သူရဲ့ဘဏ်စာရင်းထဲ ငွေအမြောက်အများ ဝင်ဝင်လာတာကြောင့် ပူးချစ်တစ်ယောက် မရပ်တန့်နိုင်ဘဲ ရှေ့ဆက်တိုးခဲ့ပါတယ်။ နောက်ပိုင်းမှာ အကြမ်းဖက်မှုတွေဖြစ်လာပြီး ရက်စက်ကြမ်းကြုတ်တဲ့ လူလတ်မှုတွေအထိ ပါဝင်ပတ်သက်လာရပါတယ်။ ရဲက အလိုရှိတဲ့ တရားခံပြေးတစ်ယောက်ဖြစ်လာတဲ့ ပူးချစ်ကို ကူညီပေးဖို့ ကြိုးစားလာသူက သူ့အလုပ်က လုပ်ဖော်ကိုင်ဖက် တွန်ဆိုတဲ့ ကွန်ပျူ တာသမား ကောင်မလေးတစ်ယောက်။
ဒီလိုနဲ့ ဝဘ်ဆိုဒ်လိပ်စာကတဆင့် ပူးချစ်ကစားနေတဲ့ ဂိမ်းအကြောင်း တစ်စွန်းတစသိသွားရာကနေ ဂိမ်းရဲ့ တစ်စိတ်တစ်ပိုင် ဖြစ်မှန်းမသိဖြစ်လာတဲ့ တွန်ကရော ပူးချစ်ကို ကူညီနိုင်မှာလား၊ ပူးချစ်ကရော ငွေရဲ့လှည့်ဖြားမှု ဂိမ်းရဲ့ဖြားယောင်းမှုတွေနဲ့
ဘယ်လောက်ထိ ဆိုးရွားတဲ့အမှုတွေကို ဆက်လက်ကြူ းလွန်ဦးမှာလဲ၊ ငယ်ဘဝက ပူးချစ်ကို စိတ်ဒဏ်ရာရအောင် အမြဲနှိပ်စက်ခဲ့တဲ့ ဖခင်ဖြစ်သူကရော ဂိမ်းမှာ ဘယ်လိုပါဝင်ပတ်သက်လာမှာလဲ၊ ဂိမ်းရဲ့နောက်ကွယ်မှာ ချုပ်ကိုင်နေတာက ဘယ်သူတွေလဲ၊ ပူးချစ်က ဂိမ်းကို အဆုံးသတ်နိုင်မှာလား ဆိုတာကို စိတ်ဝင်စားစရာ ကြည့်ရှုရမှာပါ။
တစ်ခုတော့ ကြိုသတိပေးပါရစေ။ ထမင်းစားရင်တော့ မကြည့်ပါနဲ့နော်။ ဇာတ်ဝင်ခန်းတချို့မှာ စားရင်းသောက်ရင်း မကြည့်သင့်တာတွေ ပါလို့ပါ ??