-
Movie Name
-
Possessed (2009)
-
Year
-
2009
-
Generes
-
Horror, Thriller
-
Code
-
04471
-
Type
-
Movie
-
Size
-
949 MB
-
Country
-
Korea
-
Description
-
CM Fan တွေအတွက် 2009 တုန်းက ထွက်ရှိခဲ့တဲ့ Possessed ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ။
Horror Movie ကြိုက်နှစ်သက်တဲ့သူတှေအတွက်တော့ တကယ်အကြိုက်တွေ့စေမယ့် ဇာတ်လမ်းမျိုးပါ ။
ဇာတ်လမ်းအကျဉ်း
ဟီဂျင်းဟာ ဆိုးလ်မှာနေပြီး တက်ကသိုလ်တက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ ။
သူမမှာ အသက် ၁၄ နှစ်အရွယ် ညီမတစ်ယောက်ရှိပါတယ်
တစ်ရက်မှာတော့ ညီမဖြစ်သူပျောက်ဆုံးသွားကြောင်း သူမအမေက ဖုန်းဆက်အကြောင်းကြားခဲ့တဲ့နောက်
သတင်းကြားကြားချင်း သူ့အမေရှိတဲ့မြို့ဆီပြန်သွားပြီး ရဲစခန်းမှာ လူပျောက်တိုင်ခဲ့ပါတယ် ။
ဘာသာရေးအစွန်းရောက်တဲ့ မိခင်ဖြစ်သူကတော့ ဆက်တိုက်ဆုတောင်းနေမယ်ဆိုရင် သူ့သမီးလေးကို ပြန်တွေ့မယ်လို့ ယုံကြည်နေပါတယ် ။
အိမ်နီးနားချင်းတွေကတော့ ညီမဖြစ်သူကို မြင်လိုက်တယ်လို့ပဲ ပြောနေကြပြီး
အချို့ကလည်း သူမရဲ့ ညီမကို လူမဟုတ်ဘူးလို့ပြောဆိုကြပါတယ် ။
ဒါပေမယ့် ညီမဖြစ်သူ ပျောက်ဆုံးပြီးနောက်မှာတော့ ထူးခြားမှုတွေရှိလာပါတယ်….
သူတို့အဆောက်အဦးက အခြား တိုက်ခန်းတွေမှာ လူသေဆုံးမှုတွေရှိလာပြီ…
ဒါကြောင့် နောက်ပိုင်းမှာ ရဲကလည်း သူမရဲ့ညီမ ပျောက်ဆုံးမှုနဲ့ ဒီလိုလူတွေသေဆုံးတာက ဆက်စပ်မှုရှိနိုင်ကြောင်း ကောက်ချက်ချပြီး စုံစမ်းပါတော့တဲ့အခါ…
အဲ့လိုစုံစမ်းမှုတွေ လုပ်ပြီး ဘာတွေ ဖော်ထုတ်မလဲ…
ညီမဖြစ်သူ ဘာကြောင့် ပျောက်ဆုံးသွားတာလဲ…
လူတွေပြောနေကြသလို တကယ်ပဲ သူမရဲ့ ညီမက လူမဟုတ်ဘူးလား…
ပျောက်ဆုံးသွားတဲ့ညီမကို ပြန်ရှာတွေ့မှာလားဆိုတာ ဒီဇာတ်လမ်းလေးမှာ ကြည့်ရှုကြပါနော်…။
( အညွှန်းနဲ့ဘာသာပြန်သူကတော့ Seung ဖြစ်ပါတယ် )