Movie Name
Radioactive (2019)
Year
2019
Generes
Biography, Drama
Code
04472
Type
Movie
Size
1.18 GB
Country
Hollywood
Description
ထက်မြက်တဲ့ မိန်းမ အစစ်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ကြည့်လိုက်ရအောင်။ မယ်ရီယာ ကျူရီ (သို့) မဒမ်ကျူရီ လို့ သိကြတဲ့ သိပ္ပံပညာရှင် အမျိုးသမီးရဲ့ အကြောင်း ဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး နိုဘယ်ဆုရ အမျိုးသမီး၊ ကမ္ဘာ့ပထမဆုံး ပြင်သစ် အမျိုးသမီးပါမောက္ခ ဖြစ်ပြီး ကျူရီ မိသားစုဟာ နိုဘယ်ဆု ၅ ဆုရရှိခဲ့တဲ့မိသားစုလည်း ဖြစ်ပါတယ်။ မဒမ် ကျူရီ တွေ့ခဲ့တာကတော့ Radioactivity ဆိုတဲ့ ဓာတ်သတ္တိကြွမှု အကြောင်းပါပဲ။ ဒီအရာဟာကမ္ဘာကြီးကို ပြောင်းလဲစေခဲ့ပြီး သိပ္ပံပညာ တစ်ခေတ်ဆန်းစေခဲ့တာပါ။ ဓာတ်မှန်တွေ၊ ကင်ဆာကုထုံးတွေ စသဖြင့် အသုံးဝင်တာတွေ အများကြီး တိုးတက်လာခဲ့ပါတယ်။ ပထမ ကမ္ဘာစစ်အတွင်းမှာ ပြင်သစ်နိုင်ငံအတွက် သူ့ရဲ့ နိုဘယ်ဆုက ရွှေတွေကို အရည်ကြိုပြီး သုံးပစ်ဖို့ လှူခဲ့ပေမယ့် ပြင်သစ်အစိုးရက ငြင်းပယ်ခဲ့ရပါတယ်။ ဒါပေမယ့် မဒမ်ကျူရီက စစ်မြေပြင်တစ်လျှောက်မှာ ဓာတ်မှန်ပါတဲ့ ကားပေါင်းများစွာကိုဦးစီးပြီး လူတစ်သန်းကျော်အထိ ဓာတ်မှန်ရိုက်ပေးခဲ့ လိုအပ်တဲ့ အကူအညီတွေပေးခဲ့ပါတယ်။ ဒါပေမယ့် ရေဒီယိုသတ္တိကြွမှုကို တွေ့ခဲ့တဲ့ပညာရှင်ပီပီ ဓာတ်ရောင်ခြည်သင့်ပြီး Aplastic Anemia သွေးအားနည်းရောဂါနဲ့ သေဆုံးခဲ့ရတာပါ။ ဒီရုပ်ရှင်မှာတော့ ပိုလန်ကနေ ပြင်သစ်ကို ပြောင်းလာကာစ သိပ္ပံပညာရှင်ဘဝ အောက်ခြေကနေ သူ့ရဲ့ အအောင်မြင်ဆုံးအချိန်တွေ၊ ကျဆုံးတဲ့အချိန်တွေ၊ အဆုံးသတ်ချိန်ထိ ပြသထားတာကို တွေ့ရမှာပါ။ မင်းသမီးကလည်း Gone Girl တို့ Price and Prejudice တို့မှာ ပါဝင်ခဲ့တဲ့ Rosamund Pike မို့ အတော်ကို ကြည့်ရအဆင်ပြေပါတယ်။ အထ္ထုပ္ပတ္တိရုပ်ရှင် ကြိုက်သူတွေအတွက် ကြည့်စရာ နောက်တစ်ကားပါပဲ။