-
Movie Name
-
The Dead End (2015)
-
Year
-
2015
-
Generes
-
Crime, Drama
-
Code
-
04477
-
Type
-
Movie
-
Size
-
1.21 GB
-
Country
-
China
-
Description
-
မင်းသားလည်းဟုတ် ဒါရိုက်တာလည်းဟုတ်ပြီး သရုပ်ဆောင်တဲ့နေရာမှာ သူများနဲ့မတူတမိုထူးတဲ့ပုံစံနဲ့ မင်းသားChao Deng ကိုသိကြမယ်ထင်ပါတယ် ။
တော်တော်များများကတော့ သူ့ကို The Mermaid (2016) တို့ Detective Dee တို့နဲ့ သိကြတာပါ ။
ဒီတစ်ခေါက်မှာတော့ 2015 မှာ ထွက်ရှိခဲ့တဲ့ The Dead End ဆိုတဲ့ movie လေးကိုတင်ဆက်ပေးလိုက်ပါတယ် ။
ဇာတ်လမ်းအကျဉ်း
ရှီလုံမှာ မိန်းကလေးတစ်ယောက် အဓမ္မကျင့်အသတ်ခံရပြီး
သူမရဲ့ မိသားစု ၄ ယောက်လည်း ရက်ရက်စက်စက် အသတ်ခံရတဲ့ ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပါတယ် ။
ဒီလူသတ်မှုမှာ အဓိက သံသယဖြစ်ဖွယ် တရားခံ ၃ ယောက်ရှိတယ်လို့ ခန့်မှန်းထားပြီး ၇ နှစ်ကြာတဲ့အထိ ဒီအမှုကို မဖြေရှင်းနိုင်ခဲ့ဘူး…
ဒါပေမယ့် စုံထောက် ‘ရီ’ ကတော့ ဒီအမှုကို လက်မလျှော့ခဲ့ပါဘူး ။
သူပထမဆုံးကိုင်ရတဲ့ အမှုကြီး ဖြစ်တာကြောင့် တရားခံကို အခုထိ စုံစမ်းနေဆဲပါ ။
သံသယရှိသူ ၃ ယောက်ကတော့ စွန်လေးဆိုတဲ့ကလေးတစ်ယောက်ကို မွေးစားပြီး သာမန်ဘဝတွေနဲ့ ဆက်လက်ရှင်သန်နေကြပါတယ် ။
တစ်ယောက်က တံငါရွာမှာ နေပြီး တစ်ယာက်က taxi driver လုပ်ကြပါတယ် ။
နောက်တစ်ယောက်ကတော့ အကူရဲတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်နေပါတယ် ။
ကလေးအပေါ်ကြင်နာလွန်းတဲ့ သူတို့လိုလူတွေက တကယ်ပဲ ဒီလိုပြစ်မှုကြီးကို ကျူးလွန်ခဲ့ကြတာလား…
စုံထောက် ရီ ကရော အမှုမှန်ကို ဖော်ထုတ်နိုင်မှာလား…
နောက်ဆုံးကျ ဘယ်လို အဆုံးသတ်မလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ကြည့်ရှုနိုင်ကြပါ ။
IMDb Rating – 7.2/10