Movie Name
Aliens Vs Predator Requiem (2007)
Year
2007
Generes
Action, Horror, Sci-Fi
Code
01265
Type
Movie
Size
868 MB
Country
Hollywood
Description
2004 ကထွက်ခဲ့တဲ့ Alien vs Predator ရဲ့ အဆက်ကားလေးပါ Alien တွေအကုန်ကို ရှင်းထုတ်နိုင်လိုက်တဲ့ Predator တွေဟာ သူတို့ဂြိုဟ်ကိုပြန်ကြပါတော့တယ် ကံဆိုးစွာနဲ့ သူတို့အထဲက တစ်ယောက်ဟာ Alien တွေရဲ့ မျိူးရိုးဗီဇ ကူးစက်ပြီး Predalien လို့ခေါ်တဲ့မျိုးစိတ်သစ်တစ်ခု ပေါ်ပေါက်ခဲ့တယ် Alien နဲ့ Predator နှစ်မျိုးစပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့်ရုန်းရင်းဆန်ခတ်ဖြစ်ပြီး Predator အာကာသယာဉ်ဟာ မြို့ပြင်တစ်ခုကို ပျက်ကျသွားပါတော့တယ် Predalien ကိုယ်တိုင်ဦးဆောင်ပြီး Alien တပ်ဖွဲ့ ကြီးကို လူတွေရဲ့ ခန္ဓာကိုယ်ကို အသုံးချရင်း ပွားများအောင် လုပ်ဆောင်နေခဲ့တယ် အာကာသယာဉ်မပျက်ကျခင် အရေးပေါ်အချက်ပြမှု လက်ခံရရှိတဲ့ Predator သူရဲကောင်းဟာ တစ်ကိုယ်တော် ချေမှုန်းဖို့ ကမ္ဘာထိ လိုက်လာပါတယ် သူတစ်ပြန်ကိုယ်တစ်ပြန်သတ်ဖြတ်ကြရင်း တိုက်ပွဲဟာ မြို့လေးထဲထိ ကူးစက်လာပါတော့တယ် Alien သတ္တဝါဆိုးတွေရဲ့ မျိုးပွားသတ်ဖြတ်မှု , Predator ကြီးရဲ့ ရက်စက်တဲ့ လက်နက်တွေကြောင့် မြို့ထဲက အရာရှိ အက်ဒီ , သူ့သူငယ်ချင်း ဒဲလစ်, ဒဲလစ်ရဲ့ညီ ရစ်ကီ နဲ့ သူ့ကောင်မလေး ဂျက်စီ , တာဝန်ကနေ မိသားစုဆီ ပြန်လာတဲ့ စစ်သမီး, လင်ရောသားပါ ပျောက်ဆုံးလို့ ပူဆွေးနေတဲ့ ဒါစီ နဲ့ မြို့သူ မြို့သားတွေ မြေစာပင် အဖြစ်က ရှင်သန်နိုင်မလား? အမေရိကန် စစ်တပ်ရဲ့ မြို့လေးအပေါ်ကူညီကယ်ဆယ်မှုနဲ့ ဆုံးဖြတ်ချက်ကရောဘယ်လိုလဲ? ဆိုတာကို ဒီကားထဲ ရင်ထိတ်သည်းဖို ရှုစားရမှာပါ