-
Movie Name
-
The Hill Of Wind (2019)
-
Year
-
2019
-
Generes
-
Drama
-
Code
-
04479
-
Type
-
Movie
-
Size
-
1.12 GB
-
Country
-
Korea
-
Description
-
ဒီကားကတော့ ဇာတ်လမ်းကနည်းနည်းအေးပေမယ့် အနှစ်သာရရှိတဲ့
မိဘမေတ္တာဘွဲ့ကားလို့ပြောလို့ရပါတယ်။
ဇာတ်လမ်းအကျဉ်းပြောရရင် ယောင်းဘွန်းဆိုတဲ့
အဒေါ်ကြီးကငယ်စဉ်ကကွဲကွာသွားတဲ့သမီးကိုရှာတာကနေစပါတယ်။
သူသမီးကိုရှာဖို့အလုပ်လုပ်လက်စ နေရာကနေစွန့်ခွာလာပြီး
သူဇာတိမြေကိုပြန်လာခဲ့ပါတယ်။
ဇာတိမြေရောက်တဲ့အခါမှာ သူသမီးကိုမတွေ့သေးပဲ မထင်မှတ်ပဲ
သူစုံစမ်းရထားတဲ့ နေရာက အားကစားစင်တာတစ်ခုဖြစ်နေပါတယ်။
အဒေါ်ကြီးလည်းပေါက်တဲ့နဖူး မထူးတော့ဖူးဆိုပြီး ရောက်လာလက်စနဲ့
အဲ့အားကစားခန်းမကိုညဖက်ကြီး ဝင်ကြည့်ရင်း
အဲ့သင်တန်းကဆရာမလေးတစ်ယောက်နဲ့ခင်မင်ရင်းနှီးလာခဲ့ပါတယ်။
သင်တန်းဆရာမကသဘောကောင်းပေမယ့်
ပြောရရင်သူဖွင့်ထားတဲ့အားကစားခန်းမက သိပ်ပြီးအဆင်မပြေရှာပါဖူး။
ဒါကိုခင်မင်ရင်းစွဲလည်းရှိ သားသမီးချင်း ကိုယ်ချင်းစာနာမိတဲ့
အဒေါ်ကြီးက ကူညီဖို့ဖြစ်လာပါတယ်။
ကျန်တာဘယ်လိုဆက်ဖြစ်မယ်။
သမီးပျောက်ရှာနေတဲ့ အဒေါ်ကြီးကောသူသမီးနဲ့ဆုံတွေ့နိုင်ပါမလား။
သူသမီးကကော ရှိသေးရဲ့လားဆိုတာကို ဇာတ်လမ်းကိုပဲ
ကိုယ်တိုင်ကြည့်ပြီးခံစားပေးပါ။
အမေနဲ့သမီးကြားက ၅၂၈ မေတ္တာဘွဲ့ကို
လှလှပပဖော်ကျူးထားတာခံစားကြရမှာပဲဖြစ်ပါတယ်။