Movie Name
Another Soul (2018)
Year
2018
Generes
Horror, Thriller
Code
01267
Type
Movie
Size
771 MB
Country
Hollywood
Description
ဒီတစ်ခါက 2018 မှအသစ်ထွက်ရှိထားတဲ့ Horror movie လေးတင်ဆက်ပေးလိုက်ပါတယ် Conjuring ဇတ်လမ်းတွေ နှစ်သက်တယ်ဆိုရင် ဒီကားကိုလည်းသဘောကျမှာပါ။ ရောဘတ်နဲ့ဆူဇန် လင်မယားနှစ်ယောက်မှာ မယ့်ဂန်ဆိုတဲ့ ဆယ်ကျော်သက် သမီးလေးတစ်ယောက်ရှိပါတယ်။ ရောဘတ်ကဆေးရုံမှာ အသည်းအသန် ဖြစ်နေတဲ့အချိန် ဆူဇန်က သူ့ယောကျ်ားကိုကယ်ဖို့ ပိုက်ဆံချေးခဲ့ပါတယ်။ ရောဘတ်ပြန်ကျန်းမာလာတော့ အကြွေးတွေမဆပ်နိုင်သေးတဲ့ သူတို့မိသားစုဟာ မြို့ငယ်လေးကိုပြောင်းရွှေ့ပြီး ရှောင်ခဲ့ပါတယ်။ အဲ့ဒီအိမ်ကလေးမှာ အဆင်မပြေတာကတော့ မယ့်ဂန်ပါ။ နေရာအသစ်ဖြစ်လို့ အသားမကျတဲ့အပြင် ညတိုင်းအိမ်မက်ဆိုးတွေမက်ပြီး သူ့အခန်းထဲမှာ မိန်းမတစ်ယောက်ရှိတယ်လို့ ပြောပြောနေတယ်။ ဆူဇန်ကတော့ မယ့်ဂန်က အိမ်အသစ်မှာမနေချင်လို့် သက်သက်လုပ်ကြံပြောတာ ဒါမှမဟုတ် နေရာအသစ်မှာမို့ စိတ်ဖိစီးပြီးထင်ယောင်ထင်မှား ဖြစ်နေတာလို့ ယူဆကြပါတယ်။ ဒါပေမယ့် ရောဘတ်ရောဆူဇန်ရောပါ အသံတွေကြားရတာတွေ၊ တစ်ယောက်ယောက်ဖြတ်သွားတာတွေပါမြင်ရချိန်မှာတော့ အကြောင်းရင်းကိုရှာဖွေခဲ့ကြပါတယ်။ CCTV တွေတပ်ထားပေမယ့်လည်း မနက်ရောက်ရင်ပြန်ကြည့်လို့မရတာတွေ ဖြစ်လာခဲ့တယ်။ တစ်ရက်မှာ ရောဘတ်ကိုစုံတွဲတစ်တွဲလာတွေ့ခဲ့ပါတယ်။ အောက်လမ်းပညာရှင်တွေဖြစ်ပုံရပြီး ရောဘတ်တို့ရဲ့သမီးမှာ အန္တရာယ်ရှိနေလို့် ကူညီဖို့လာခဲ့ကြောင်းပြောခဲ့ပါတယ်။ ရောဘတ်ကမယုံကြည်ဘဲမောင်းထုတ်ခဲ့ပေးမယ့် လိပ်စာကတ်တော့ယူထားလိုက်တယ်။ မယ့်ဂန်အခြေအနေဆိုးလာလို့ ဘုန်းတော်ကြီးကိုပင့်ပြီး ကြည့်ခိုင်းရာမှာ မယ့်ဂန်ကိုမကောင်းဆိုးဝါးဝင်ပူးပြီး ခြောက်လန့်တာကြောင့် ဘုန်းတော်ကြီးပါ ထွက်ပြေးခဲ့ရယ်။ နောက်ဆုံး ကြံရာမရဖြစ်ပြီး ရောဘတ်ကိုလာတွေ့ခဲ့တဲ့ စကစ်နဲ့ဟယ်လီနာဆိုတဲ့ စုံတွဲဆီက အကူအညီယူဖို့ဖြစ်လာခဲ့တဲ့ အခါမှာတော့……. ရောဘတ်တို့အိမ်မှာ ရှိနေတာကဘယ်သူလဲ သူရဲ့ နောက်ကြောင်းကရော ဘာဖြစ်မလဲ ဘာလို့ မယ့်ဂန်နဲ့ သူတို့မိသားစုကို ဒုက္ခပေးရတာလဲ ဆူဆန်မှာလည်း သူ့မိသားစုကိုအသိမပေးထားတဲ့ လှို့ဝှက်ချက်တစ်ခုရှိသေးတယ် အဲ့တာကရောအခုဖြစ်ပျက်နေတာတွေနဲ့ ဘယ်လိုပတ်သတ်နေတာလဲ စကစ်နဲ့ဟယ်လီနာကရော သူတို့ကိုအကူအညီပေးနိုင်မှာလားဆိုတာ ဇာတ်ကားလေးမှာ ဆက်ကြည့်ရအောင်